July 12, 2026

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုတွေမှာ ချက်နိုင်ငံထုတ် အရပ်ဘက်သုံးလေယာဉ်တွေ ပါဝင်နေ

The Farmer Times၊ မေလ ၁၅ ရက်၊ ၂၀၂၆

အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် ကမ္ဘာ့လောင်စာဆီ ထောက်ပံ့မှုမှာ အခက်အခဲတွေ ဖြစ်နေချိန်မှာ မြန်မာစစ်ကောင်စီကတော့ အရပ်ဘက်သုံး လေယာဉ်ဆီတွေကို အဓမ္မသိမ်းယူပြီး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ သုံးနေတယ်လို့ Blood Money Campaign က ထုတ်ပြန်လိုက်ပါတယ်။

ဒီလို လေကြောင်း တိုက်ခိုက်မှုတွေမှာ ချက် (Czech) နိုင်ငံထုတ် အရပ်ဘက်သုံး လေယာဉ်တွေကိုပါ အသုံးပြုနေတာဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားနည်းနေတာကို ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းစစ်တပ်က အတုအယောင် လွှတ်တော်ခေါ်ပြီး နိုင်ငံတကာမှာ အစိုးရ အဖြစ် တရားဝင်မှုရအောင် ကြိုးစားနေတာကြောင့် အာဆီယံ၊ အီးယူ၊ ယူကေ အပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာစစ်အုပ်စုကို အစိုးရအဖြစ် လုံးဝ အသိအမှတ်မပြုဖို့ Blood Money Campaign က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ လေယာဉ်ဆီ တင်သွင်းတာတွေနဲ့ ရေကြောင်းအာမခံ ဝန် ဆောင်မှု ပေးတာတွေကို အရေးပေါ် ဒဏ်ခတ်ပိတ်ဆို့ပေးဖို့လည်း Blood Money Campaign က အလေး အနက် တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.