The Farmer Times၊ မေလ ၂၁ ရက်၊ ၂၀၂၆
စားသုံးသူအကြိုက် အဆင့်မြင့်ဆန်ချောဖြစ်သည့် ရွှေဘိုပေါ်ဆန်းမှာမူ အမြင့်ဆုံးနှုန်းထားဖြင့် ဈေးကွက် ကို ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
အခုရက်ပိုင်း ဈေးကွက်ထဲမှာ အခြေခံဆန်ချော၊ ဆန်ကြမ်းဈေးနှုန်းတွေ တည်ငြိမ်နေပြီး၊ အရောင်းအ ဝယ် ပုံမှန်ရှိနေပေမယ့်၊ ပြည်တွင်းစားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်း ဆန်ကတော့ ဈေးအမြင့်ပိုင်းနဲ့ ဆက် လက် အားကောင်းနေတာကို မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း(MRPTA) ရဲ့ မေလ ၂၀ ရက်နေ့ စျေးနှုန်းထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။
လက်ရှိ ဆန်စပါးလက္ကားဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၉၅,၀၀၀ ကျပ်ကနေ ၂၁၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး၊ ကျန်ဆန်အမျိုးအစားတွေထက် သိသိသာသာ ဈေးကွာဟနေပါတယ်။
ဖျာပုံနဲ့ မြောင်းမြဒေသထွက် ကြားပျံဆန်တွေကတော့ အရည်အသွေးအလိုက် တစ်အိတ်ကို အနိမ့်ဆုံး ၁၅၅,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၆၅,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပြီး၊ ကြားပျံ(နယ်စုံ) ကတော့ တစ် အိတ်ကို ၁၄၅,၀၀၀ ကျပ်ကနေ ၁၅၅,၀၀၀ ကျပ်အကြား အရောင်းအဝယ် ဖြစ်နေပါတယ်။
ဧရာဝတီတိုင်းဒေသထွက် ပေါ်ဆန်းဆန်တွေကတော့ တစ်အိတ်ကို ၁၄၅,၀၀၀ ကျပ်ကနေ ၁၅၂,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိပြီး၊ ပေါ်ဆန်း(နယ်စုံ) ကတော့ ၁၂၇,၀၀၀ ကျပ်ကနေ ၁၃၈,၀၀၀ ကျပ်အတွင်း အရောင်းအဝယ် ရှိနေပါတယ်။
အခြေခံလူတန်းစားတွေ စားသုံးမှုများတဲ့ ဧည့်မထ (၁၅%) အကြမ်းနဲ့ ဇီယာဆန်တို့ကတော့ တစ်အိတ်ကို ၆၂,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်အတွင်းသာ စျေးရှိနေပြီး ဈေးကွက်တည်ငြိမ်နေပါတယ်။
အခြေခံဆန်ကြမ်းအုပ်စုဝင် ငစိန်(ငါးစီး) နဲ့ သီးပုဆန် အမျိုးအစားတွေကလည်း တစ်အိတ်ကို ၆၀,၀၀၀ ကျပ်ကနေ ၆၂,၅၀၀ ကျပ်အကြား ပုံမှန်အတိုင်းအရောင်းအဝယ် ရှိပါတယ်။
ရက်-၉၀ဂဆန်ဟောင်း) ကတော့ တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ် စျေးရှိပြီး၊ ရက်-၉၀ (ဆန်သစ်) ကတော့ တစ်အိတ်ကို ၈၂,၀၀၀ ကျပ်ကနေ ၈၇,၀၀၀ ကျပ်အကြား ပေါက်စျေးရှိနေပါတယ်။
မွေးမြူရေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ သုံးစွဲမှုများတဲ့ ဆန်ကွဲဈေးကွက်မှာတော့ ဆန်ကွဲ ချော(EX) က တစ်အိတ်ကို ၅၂,၀၀၀ ကျပ်ကနေ ၅၈,၀၀၀ ကျပ်၊ ဆန်ကွဲ ကြမ်း(EX)က တစ်အိတ် ကို ၅၁,၀၀၀ ကျပ် ၅၃,၀၀၀ ကျပ်ထိ အသီးသီး ပေါက်စျေးရှိနေပါတယ်။
ဖော်ပြထားတဲ့ ဈေးနှုန်းတွေက ကုန်စည်ဒိုင်တွေရဲ့ လက္ကားဈေးကွက် ပေါက်ဈေးနှုန်းတွေသာ ဖြစ်တာ ကြောင့် ပြင်ပလက်လီဈေးကွက်အတွင်း ဝယ်ယူစားသုံးတဲ့ နေရာမှာတော့ မိမိတို့ဒေသအလိုက် သယ်ယူ စရိတ်နဲ့ ဆိုင် အခြေအနေပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှုတွေ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန် သည်များအသင်း(MRPTA) က အသိပေးပြောဆိုထားပါတယ်။














