November 10, 2026

ထိုင်းဘတ်စျေးတက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်း၊ မြန်မာငွေ ၁ သိန်း ဘတ် ၆၈၀ ကျော်သာရရှိ

‎The Farmer Times၊ နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၆။

ထိုင်းဘတ်ငွေစျေး တက်လာပြီး မြန်မာကျပ်ငွေတန်းဖိုး ဆက်တိုက်ကျဆင်းလာရာမှာ အခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ် ၆၈၀ ကျော်ဝန်းကျင်စျေး ရှိနေပါတယ်။

နိုဝင်ဘာ ၄ ရက်(ဒီနေ့) ပေါက်စျေးမှာ ကျပ်ပေး ဘတ်ယူပါက မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၆၈၀ မှ ၆၈၅ ဝန်းကျင်စျေးရှိပြီး၊ ဘတ်ပေး ကျပ်ယူပါက ကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ် ၇၁၈ မှ ၇၂၅ ဘတ်အထက် ပေါက်စျေးရှိနေပါတယ်။

နိုဝင်ဘာ ၃ ရက်(မနေ့က) ပေါက်စျေးမှာ ကျပ်ပေး ဘတ်ယူပါက မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၆၉၀ မှ ၆၉၃ ဝန်းကျင်စျေးရှိပြီး၊ ဘတ်ပေး ကျပ်ယူပါက ကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ် ၇၁၈ ကျပ်အထက် ပေါက်စျေးရှိခဲ့ပါတယ်။

ငွေလဲလှယ်ရေး လုပ်ကိုင်သူတွေအနေနဲ့ ကျပ်ပေး ဘတ်ယူ၊ ဘတ်ပေး ကျပ်ယူ စျေးကွက်အကြားမှာ ထိုင်းဘတ် ၃၀ ဘတ်ဝန်းကျင် ကွာဟပြီး အရောင်းအဝယ် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

” ကျပ်ငွေကနေ ဘတ်လဲရင်လည်း ကိုယ်ကနစ်နာတယ်။ ဘတ်ကနေ ကျပ်လဲရင်လည်း နစ်နာရ ပြန်တယ်။ ခုစျေးနဲ့ဆိုရင် ကျပ်ငွေ ၃,၀၀၀ လောက်ဟနေတယ်။ ဘတ်နဲ့ဆိုရင် ၂၃ ဘတ်ပေါ့။ ထိုင်းမှာ အလုပ်လုပ်နေတဲ့ သူတွေပိုနစ်နာတယ်။ ထိုင်းနယ်စပ်က မြဝတီ၊ တာချီလိတ် တခြားဒေသတွေက ပြည် သူတွေလည်း နစ်နာတာပေါ့။ ကျပ်ငွေတန်ဖိုးက တက်မလာဘဲ ပိုပိုပြီးကျနေတာ။ ” လို့ မြဝတီမြို့ဒေ သခံ ကုန်သည် ကိုကောင်လေးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကတော့ ကျပ်ပေး ဘတ်ယူမှာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ် ၇၂၅ ဘတ် ရရှိခဲ့ပြီး၊ ဘတ်ပေးကျပ်ယူစျေးကွက်မှာတော့ ထိုင်းဘတ် ၇၄၇ ပေးမှ ကျပ်ငွေ ၁ သိန်း ရရှိမှာ ဖြစ်ပါတယ်။

ထိုင်းဘတ်စျေး မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံကနေ မြန်မာဘက်ကို တင်သွင်းနေတဲ့ လျှပ်စစ်ပ စ္စည်း၊ အိမ်သုံးပစ္စည်း၊ အလှကုန်၊ အိမ်ဆောက်ပစ္စည်း စတဲ့ ကုန်ပစ္စည်းစျေးနူန်းတွေကလည်း မြင့်တက် လာနေတယ်လို့ စားသုံးသူပြည်သူတွေက ပြောပါတယ်။

အထူးသဖြင့် ထိုင်းကနေ စားသောက်ကုန် အပါအဝင် စက်သုံးဆီကအစ ဝယ်ယူသုံးစွဲနေရတဲ့ ထိုင်း- မြန်မာနယ်စပ်ရှိ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း စတဲ့ထိစပ်မြို့တွေမှာလည်း စားသောက်ကုန် စျေးနူန်းတွေက ငွေစျေးအလိုက် မြင့်တက်လာတာကြောင့် အခြေခံလက်လုပ် လက်စားတွေ အနေနဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှမတ ဖြစ်ပေါ်လာပြီး အခက်တွေ့လာတယ်လို့ ဆိုကြပါတယ်။

” ဒုက္ခရောက်တာပေါ့။ အခုတောင် ထိုင်းကသွင်းတဲ့ ကုန်ပစ္စည်းတွေ အကုန်တက်နေတာ။ အခု ဘတ် စျေးထပ်တက်တော့ ပိုဆိုးပြီ။ ပစ္စည်းတင်သွင်းဖို့ ခက်တာကတမျိုး၊ လမ်းခရီးက သယ်ယူစရိတ် မြင့် တာကတမျိုး၊ အခု ဘတ်စျေးက ထပ်တက်တော့ နောက်ဆုံးခံရမှာက စားသုံးသူပြည်သူပါပဲ။ ကုန်သည် သဘောက မကိုက်ရင်မလုပ်ဘူး။ အားလုံးကုန်ကျစရိတ်အပေါ် တွက်ပြီး အမြတ်တင်ပြီး ရောင်းမှာ လေ။ အရှုံးခံမရောင်းဘူး။ အဆင့်ဆင့်လည်းရောင်းရော စျေးကမတန်တဆတွေ ဖြစ်ကုန်ရော။ ” လို့ သူ က ဆက်ပြောပါတယ်။

လတ်တလောမှာ ငွေစျေးမြင့်တက်မှုနဲ့ အတူ မြဝတီ-ရန်ကုန်ကားလမ်းပိုင်းရှိ ထိုင်းကုန်ပစ္စည်း သယ်ယူ ခွင့် ကန့်သတ်ပိတ်ပင်မှုများ မြင့်တက်လာမှုနဲ့အတူ ကုန်သွယ်ရေးအခက်အခဲများကြောင့် ထိုင်းစား သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတွေဟာ စျေးနှုန်းမြင့်တက်နေသလို၊ ကုန်ပစ္စည်းအမျိုးအစားနဲ့ သွင်း ကုန် အခြေအနေအပေါ် မူတည်ပြီး စျေးနှုန်းအပြောင်းအလဲကလည်း မြန်ဆန်နေပါတယ်။

ရန်ကုန်မြို့ရှိ City Mart  ကုန်တိုက်မှာ စားသုံးမှုများတဲ့ ထိုင်းနိုင်ငံထုတ်  MAMA ခေါက်ဆွဲခြောက်  ၁ ထုပ် ၁,၂၀၀ မှ ၁,၆၀၀ ကျပ်၊ Yum Yum ခေါက်ဆွဲခြောက် ၁ ထုပ် ၁,၁၀၀ မှ ၁,၅၀၀ ကျပ်၊ ထိုင်းနိုင်ငံထုတ် ဓာတ်ဆားရည် (အိုအီရှီ / ပိုကာရီစကွက် / စပွန်ဆာ) ၁ ဘူး ၂,၃၀၀ မှ ၃,၀၀၀ ကျပ်၊ Lactasoy ပဲနို့ရည် (ဘူးသေး) ၁ ဗူး ၁,၂၀၀ မှ ၁,၆၀၀ ကျပ်၊ ထိုင်းပဲပိစပ်ဆီ (၁ လီတာ) ၁ ဗူး ၉,၅၀၀ မှ ၁၂,၀၀၀ ကျပ်၊ နေ ကြာဆီ / စားအုန်းဆီ (၁ လီတာ) ၁ ဗူး ၁၀,၀၀၀ မှ ၁၃,၀၀၀ ကျပ်၊ ထိုင်းငါးငံပြာရည် ၁ ပုလင်း ၄,၅၀၀ မှ ၆,၀၀၀ ကျပ်ဝန်းကျင် အသီးသီး ပေါက်စျေးရှိနေတာကို တွေ့ရပါတယ်။

အလားတူ အခုရက်ပိုင်း ထိုင်းနိုင်ငံကနေ တင်သွင်းနေရတဲ့ လျှပ်စစ်ပစ္စည်းတွေထဲက ဒယ်နီအိုး တစ်လုံး ကို ၂ သိန်းကျပ်ဝန်းကျင် ပေါက်စျေးရှိနေပြီး၊ ပန်ကာတွေကလည်း အမျိုးအစားနဲ့ အရွယ်အစားအလိုက် အရင်ကထက် တစ်လုံးကို ၁၀,၀၀၀ ကျပ်အထက် စျေးမြင့်တက်လာတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.