The Farmer Times၊ မေ ၂၅ ရက်၊ ၂၀၂၆။
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍက ထိပ်တန်းရောက်နေတဲ့ သ တင်းတွေထဲမှာတော့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် ကုန် စည်ရောင်းဝယ်မှုတွေ ချက်ချင်းပြန်လုပ်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဒေသခံကုန်သည်တွေက ပြော ဆို လာပါတယ်။
- မိုးစပါးစိုက်ချိန်ရောက်မှ မြေဩဇာရည်ညွှန်းဈေး ထက်ဝက်ကျော် တိုးမြှင့်သတ်မှတ်လိုက်လို့ တောင် သူတွေ အခက်တွေ့နေပါတယ်။
- ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ မြန်မာကုန်ကားတွေ ကို အဝင်မခံလို့ ကုန်သွယ်မှု ရပ်နားထားရပါတယ်။
- ပြီးခဲ့တဲ့နှစ်က အရှုံးကြီးခဲ့တဲ့အတွက် အခုနှစ်မှာ ဖရဲ၊ သခွား စိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ တောင် သူတွေက ပြောဆိုလာပါတယ်။
- မေလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက် ကုန် သီးနှံဈေးနှုန်း သုံးသပ်ချက်များ အပါအဝင် တစ်ပတ်အတွင်း ထူးထူးခြားခြား ဖြစ်ပေါ်ခဲ့တဲ့ “လယ်ယာစီးပွား သတင်းများ” ကို Farmer Times Media က စုစည်းတင်ဆက်ပေးထားပါတယ်။














