, , ,

မြိုင်၊ သရက်ကန်ပျူစောထီးစခန်းကို PDF ဝင်ရောက်တိုက်ခိုက်ကာ ဓားစာခံပြည်သူ ၄၉ ဦးကို ကယ်ထုတ်

The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးစခန်းကို ပြည် သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းအင်အားစုတွေက “တမာမြေစစ်ဆင်ရေး” အ မည်နဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၂၃ ရက်၊ နံနက် ၆..

The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးစခန်းကို ပြည် သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းအင်အားစုတွေက “တမာမြေစစ်ဆင်ရေး” အ မည်နဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၂၃ ရက်၊ နံနက် ၆ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဓားစာခံပြည်သူ ၄၉ ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ် ရေးတပ်မတော် (Magway PDF) က မေလ ၂၅ ရက် (ယနေ့မှာ) ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကို မေလ ၂၂ ရက်၊ နံနက် ၅ နာရီအချိန်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ ထက်မနည်း လာရောက်ဗုံး ကြဲတိုက်ခိုက်နေတဲ့ကြားက မေလ ၂၃ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကနေ ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ၆ လက်၊ လက်လုပ်သေနတ် ၁ လက်နဲ့ အခြား လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ (Magway PDF) ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed