The Farmer Times၊ မေလ ၂၉ ရက်၊ ၂၀၂၆
စစ်အုပ်စုဟာ မြန်မာ့သစ်လုပ်ငန်းက ရရှိတဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ကျူးလွန်နေတယ်လို့လည်း Justice For Myanmar ထောက်ပြပါတယ်။
Sunseeker ကုမ္ပဏီဟာ အရင်ကလည်း ယူကေမှာ သစ်နဲ့ သစ်တောထွက်ကုန်ဆိုင်ရာ ပြဌာန်းချက်တွေ ကို ချိုးဖောက်မှုဖြင့် တရားစွဲခံခဲ့ရပြီး၊ ၂၀၂၃ ခုနှစ်မှာ ရာဇဝတ်မှုဆိုင်ရာ ချိုးဖောက်မှုသုံးခုအတွက် အပြစ်ရှိကြောင်းဝန်ခံကာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ခန့် ပေးဆောင်ခဲ့ရဖူးပါတယ်။
အဲ့ဒီနှစ်အတွင်းမှာပဲ နယ်သာလန်အခြေစိုက် ရွက်လှေထုတ်လုပ်ရေးကုမ္ပဏီ Oceanco ဟာလည်း မြန် မာ့ကျွန်းသစ်ကို ဥရောပသမဂ္ဂကို တင်သွင်းခဲ့မှုကြောင့် ဥရောပသမဂ္ဂ သစ်လုပ်ငန်းဆိုင်ရာ ပြဌာန်း ချက်ကို ချိုးဖောက်မှုဖြင့် ဒဏ် ငွေချမှတ်ခံခဲ့ရပါတယ်။














