September 9, 2026

တရုတ်ကို တင်ပို့နေတဲ့ တစ်ရှူးငှက်ပျောတွေမှာ မှိုဓာတ်ကြွင်းတွေ့လို့ စက်ရုံ ၄ ခု တင်ပို့ခွင့်ရပ်နားခံရ

The Farmer Times၊ စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ တစ်ရှူးငှက်ပျောတွေမှာ Thiamethoxam ပိုးသတ်ဆေး မှိုဓာတ်ကြွင်းကျန်ရှိမှုက သတ်မှတ်ချက်ထက်များနေတာကြောင့် ငှက်ပျောစိုက်ခင်း ၄ ခုနဲ့ ထုတ်ပိုးစက်ရုံ ၄ ခုကို ငှက်ပျောတင်ပို့ခွင့် ယာယီရပ်နားခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးနောက်မှာတော့ တရုတ်ကို တစ်ရှူးငှက်ပျော တင်ပို့မှုနဲ့ပတ်သက်ပြီး သတ် မှတ်ချက်အသစ်တွေကို တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာန(GACC) က အသိပေးလာ ပါတယ်။

မြန်မာနိုင်ငံကနေ တစ်ရှူးငှက်ပျောသီး တင်ပို့တဲ့အခါ အလွန်မှည့်ဝင်းနေတဲ့ အဝါရောင် ငှက်ပျောသီး တွေကို အခုစက်တင်ဘာလကစပြီး တင်ပို့ခွင့်မပြုတော့ဘူးလို့ အသိပေးလာတာ ဖြစ်ပါတယ်။

လတ်တလောတွင် တစ်ရှူးငှက်ပျော တင်ပို့လိုသူတွေအနေနဲ့ အပင်ကာကွယ်ရေးနဲ့ ပိုးမွှားစစ်ဆေးရေး လိုအပ်ချက်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး လတ်ဆတ်တဲ့ ငှက်ပျောသီးတွေကိုသာ တင်သွင်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

တင်ပို့လာတဲ့ ငှက်ပျောသီးတွေကို စစ်ဆေးရေးဆိုင်ရာ အခြေခံတဲ့ ဥပဒေ အချက်အလက်တွေဖြစ်တဲ့ ပိုးမွှားကင်းစင်ဖို့စစ်ဆေးတာ၊ ထုပ်ပိုးမှုတွေမှာ သန့်ရှင်းစင်ကြယ်မှု အခြေအနေ၊ အပင်ကျန်းမာရေး ထောက်ခံချက် လက်မှတ်တွေကို တရုတ်ဘက်က စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်ဘက်က အထူးဂရုပြုတဲ့ စစ်ဆေးရေးဆိုင်ရာ ဘေးအန္တရာယ်ရှိ ပိုးမွှားတွေ၊ မြန်မာနိုင်ငံမှာ အ သစ်ဖြစ်ပွားတဲ့ ဘေးအန္တရာယ်ရှိ ပိုးမွှားတွေ ဒါမှမဟုတ် မြေကြီး၊ သဲ၊ ဖုန်တွေ ပါဝင်နေတာကို တွေ့ရှိပါ က အဲဒီကုန်ပစ္စည်းတွေကို ပိုးမွှားကင်းစင်အောင် ဆောင်ရွက်တာ၊ ပြန်လည်သယ်ဆောင်သွားတာ ဒါမှမ ဟုတ် ဖျက်ဆီးတာတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

” သူတို့သတ်မှတ်ချက်နဲ့ မကိုက်ညီဘဲ အန္တရာယ်ရှိစေတဲ့ အရာကိုတွေ့ရင် သူတို့က ဖျက်ဆီးချင်ရင် ဖျက် ဆီးမယ်။ ပိုးမွှားကင်းစင်အောင် လုပ်ရရင်လုပ်မယ်။ ဒါမှမဟုတ်ရင် ကိုယ့်ပစ္စည်း ကိုယ်ပြန်သယ် ဆိုတာ မျိုးပေါ့။ ခုနောက်ပိုင်း တရုတ်က အစားအသောက်နဲ့ ပတ်သက်ရင် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အရမ်းဂရု စိုက်တယ်။ ဒါကိုစားလို့ အန္တရာယ်ဖြစ်နိုင်တယ်လို့ သူတို့ထင်ရင် မဝယ်တော့ဘူး။ ” လို့ သစ်သီးဝလံ ကုန် သည်တစ်ဦးက ပြောပါတယ်။

လတ်တလော တရုတ်နိုင်ငံကို တင်ပို့မယ့် ငှက်ပျောစိုက်ခင်းတွေနဲ့ ထုပ်ပိုးရုံတွေကို မြန်မာဘက်က စိ စစ်ရမှာဖြစ်ပြီး၊ မြန်မာနဲ့ တရုတ် နှစ် ဦးနှစ်ဖက် ပူးတွဲအတည်ပြု ခွင့်ပြုချက်ပေးရမှာ ဖြစ်တဲ့အပြင် ပို့ကုန် ပစ္စည်းတွေက သက်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီပါက မူလရင်း မြစ်ကို တိကျစွာ နောက် ကြောင်းပြန် စုံစမ်းနိုင်ဖို့အတွက် Registration အချက်အလက်တွေမှာ အမည်၊ လိပ်စာနဲ့ Register နံပါတ် တွေ ပါဝင်ရမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြန်မာဘက်ကနေ တစ်ရှူးငှက်ပျော နှစ်စဉ် တင်ပို့တဲ့ရာသီချိန်မတိုင်ခင် တရုတ်ဘက်ကို Register ပြု လုပ်ထားတဲ့ စိုက်ခင်းတွေနဲ့ ထုပ်ပိုးရုံတွေရဲ့ စာရင်းကို ကြိုတင်ပေးပို့ရမှာဖြစ်ပြီး၊ အဲဒါကိုမှ တရုတ်ဘက်က စိစစ်အတည်ပြုပြီး GACC Website မှာ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာကနေ တရုတ်ကို ငှက်ပျောတင်ပို့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇွန်လအတွင်းက တရုတ် – မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် MOU ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ကနေ ဇူလိုင်လအတွင်း တရုတ်ဘက်ကို တစ်ရှူးငှက်ပျော တင်ပို့မှုအနေနဲ့ ကံပိုင် တည် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်သျှူးငှက်ပျော မက်ထရစ်တန်ချိန် ၅၉,၀၀၀ ကျော် တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။

မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်ထဲက GACC လက်မှတ်ရရှိထားတဲ့ ကုမ္ပဏီပေါင်း ၄၆ ခုက အဓိက တင်ပို့ နေတာဖြစ်ပြီး စိုက်ဧက ၅၅ ,၂၅၃ ခန့် ရှိတယ်လို့ သိရပါတယ်။

နောက်ထပ်လည်း. GACC လက်မှတ်မကျသေးတဲ့ တစ်ရှူးငှက်ပျောစိုက်ဧက ၇၀၀,၀၀၀ ကျော်ရှိပြီး အ ဆိုပါ စိုက်ဧကများကိုလည်း GACC လျှောက်ထားပြီး တင်ပို့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာတုန်းကတော့ ပြည်ပကို မြန်မာ့သစ်သီးဝလံမျိုးစုံတင်ပို့မှုကဏ္ဍမှာ တစ်ရှုးငှက်ပျောသီး တင်ပို့မှုက ၄၁ဒသမ၃၆ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.