, , ,

The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်

The Farmer Times၊ ရန်ကုန်၊ ဇွန် ၁၊ ၂၀၂၆ မေ ၂၂ ရက်ကနေ ၂၉ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာ ထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။ ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက..

The Farmer Times၊ ရန်ကုန်၊ ဇွန် ၁၊ ၂၀၂၆

မေ ၂၂ ရက်ကနေ ၂၉ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာ ထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။

ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက ဒီတပတ်မှာလည်း ထောင်ဂဏန်းလောက် စျေးကျဆင်းသွားတာကို တွေ့ရတယ်။ ပဲစင်းငုံကတော့ အတက်စျေးမှာ ငြိမ်နေ ပြီး၊ ပြောင်းဆံကတော့ စျေးထပ်တက်လာတာကို တွေ့ရပါတယ်။ ဆန်စပါးစျေးကွက်မှာ ရွှေဘိုပေါ်ဆန်း ကလွဲပြီး၊ ကျန်တဲ့ဆန်စပါး အမျိုးအစားအများစု စျေးကျဆင်းနေပါတယ်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

မတ်ပဲကတော့ အရောင်းအဝယ်အေးပြီး ခုတပတ်မှာလည်း စျေးအနည်းငယ် ကျဆင်းနေပါတယ်။ အိန္ဒိယအစိုးရက အခွန်လွတ်တင်သွင်းခွင့်ကာလ နောက်ထပ်တစ်နှစ် သက်တမ်းထပ်တိုးပေးထားပေ မယ့်လည်း အရောင်းအဝယ်အေးလို့ စျေးကွက်အေးနေပါတယ်။ ပဲစင်းငုံ (RC) ကတော့ ခုတပတ်မှာ စျေး အတက်ရပ်သွားပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၂၂ ရက်နေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၀၆၂၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ မေလ ၂၉ ရက်နေ့ စျေးပိတ်ချိန်မှာတော့ တစ်တန်ကို ၃,၀၅၆၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ ပါတယ်။ တပတ်အတွင်း တစ်တန်ကို ၆,၀၀၀ ကျပ်လောက် စျေးထပ်ကျသွားပါတယ်။

ပဲစင်းငုံ (RC) က မေလ ၂၂ ရက်နေ့က တစ်တန်ကို ကျပ်သိန်း ၃,၁၃၈,၀၀၀ လောက်ပေါက်စျေးရှိခဲ့ပြီး၊ မေလ ၂ ရက်နေ့မှာတော့ တစ်တန်ကို ၃,၁၄၀,၀၀၀ ကျပ်လောက် ပေါက်စျေးရှိနေတာကို တွေ့ရပါတယ်။

ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ မေလ ၂၉ ရက်နေ့မှာ တစ်ပိဿာကို ၆,၀၀၀ ကျပ်လောက်ပေါက်စျေးရှိပြီး၊ ပဲတီစိမ်း(အညာ)က တစ်ပိဿာကို ၅,၂၅၀ ကနေ ၅,၂၇၀ ကျပ် ပေါက်စျေးရှိပြီး၊ ပဲတီ စိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၅,၂၅၀ ကနေ ၅,၂၇၀ ကျပ် ပေါက်စျေးရှိနေပြီး၊ တစ်ပိဿာကို ၈၀ ကျပ် ကနေ ၂၅၀ ကျပ်လောက် စျေးထပ်ကျသွားပါတယ်။

ပြောင်း

ဒီတစ်ပတ်မှာ ပြောင်းဆံက ရန်ကုန်အရောက်စျေး ထပ်တက်လာသလို နယ်စျေးကွက်လည်း တက်လာပါ တယ်။ ထိုင်းနိုင်ငံဘက်က ဝယ်လိုအားရှိနေတဲ့အတွက် စျေးနူန်းထပ်တက်လာတာပါ။ ပြောင်းစျေးတက် ပေမယ့် အဝယ်တော့ အေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၂၂ ရက်နေ့က ပြောင်းဆံ တစ်ပိဿာကို ၁,၈၃၀ ကျပ်ကနေ ၁,၈၅၀ ထိ ပေါက်စျေးရှိခဲ့ပြီး၊ မေလ ၂၉ ရက်မှာတော့ ၁၈၈၀ ကျပ်ကနေ ၁၉၀၀ ကျပ်အထိ စျေးမြင့် တက်လာတာ ဖြစ်ပါတယ်။

ဆန်၊ စပါး

ပြည်တွင်းဆန်စျေးကွက်မှာတော့ စျေးတန်းအမြင့်ဆုံးဖြစ်နေတဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ရေကြည်ပေါ်ဆန်း ကလွဲရင် ကျန်တဲ့ ဆန်၊ စပါး အမျိုးအစားအများစုက စျေးပြန်ကျနေပါတယ်။

လတ်တလောစျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်း ဆန်က တစ်အိတ်ကို ဒေသအလိုက် ၂၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကျပ်လောက် ပေါက်စျေးရှိနေပြီး၊ ရေကြည်ပေါ်ဆန်း ဆန်ကတော့ တစ်အိတ်ကို ၂ သိန်းကျပ် လောက်ထိ ပေါက်စျေးရှိနေပါတယ်။

ရွှေဘိုပေါ်ဆန်းစပါးက တင်းတစ်ရာကို ကျပ်သိန်း ၆၀ အထက် ပေါက်စျေးရှိနေပြီး၊ ရေကြည်ပေါ်ဆန်း စပါးကတော့ တင်းတစ်ရာကို ၅၇ သိန်းကနေ သိန်း ၆၀ အထိ စျေးပေါက်နေတယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

အခုရက်ပိုင်း စျေးကွက်ထဲမှာ ဆန်အမျိုးအစား အများစုက တစ်အိတ်ကို ၅,၀၀၀ ကနေ ၁၀,၀၀၀ ကျပ် လောက် စျေးကျဆင်းသွားသလို၊ စပါးတွေကလည်း အမျိုးအစားအလိုက် တင်းတစ်ရာကို ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကျပ်လောက်အထိ စျေးကျဆင်းသွားတာကို တွေ့ရပါတယ်။

အခု တင်ဆက်ပေးထားတဲ့ သီးနှံစျေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed