, , , , ,

စိုက်စရိတ်ချေးငွေ ထုတ်ပေးရာမှာ ငွေသားတဝက်၊ K-pay တဝက်စနစ်ကြောင့် ထပ်ဆင့်ကုန်ကျမှု တွေရှိနေဟု တောင်သူများဆို

The Farmer Times၊ ဇွန်လ ၁ ရက်၊ ၂၀၂၆။ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကို ငွေသားတဝက် ၊ K-pay တဝက် ထုတ်ချေးပေးတဲ့ အစီအစဥ်ကို နေပြည် တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုရှိ၊ မြို့နယ် ၁၈ ခုက..

The Farmer Times၊ ဇွန်လ ၁ ရက်၊ ၂၀၂၆။

မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေကို ငွေသားတဝက် ၊ K-pay တဝက် ထုတ်ချေးပေးတဲ့ အစီအစဥ်ကို နေပြည် တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုရှိ၊ မြို့နယ် ၁၈ ခုက တောင်သူပေါင်း ၈၀,၀၀၀ ဝန်းကျင်ကို စတင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောဆိုထားပါတယ်။

ကနဦးအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ လယ်ဝေး၊ ပုဗ္ဗသီရိ၊ မော်လမြိုင်နဲ့ သထုံမြို့နယ်တို့မှာ စတင်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မန္တလေးတိုင်းက ကျောက်ဆည်၊ မန္တလေး ၊ မိတ္တီလာ ၊ ပြင်ဦးလွင် ၊ ရမည်းသင်း ၊ ညောင်ဦး မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ မြို့နယ်တွေမှာ စ တင်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed