July 21, 2026

အုတ်ဖိုမြို့နယ်မှာ အာဏာသိမ်စစ်တပ် စစ်ကြောင်းထိုးတပ်စွဲလို့ တောင်သူတွေ စပါးစိုက်ဖို့ ခက်ခဲနေ

The Farmer Times၊ ဇွန်လ ၂ ရက်၊ ၂၀၂၆။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးတပ်စွဲလို့ တောင်သူတွေ စပါး စိုက်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

အုတ်ဖိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ နှစ်စဥ် မိုးစပါးကို မေနှင့် ဇူလိုင်လ ပထမပတ်တို့မှာ စတင်စိုက် ပျိုးကြပြီး၊ အခုနှစ်မှာတော့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကြောင့် ပျိုးကြဲတာကို မလုပ်ဆောင် နိုင်သေးဘူးလို့ လယ်သမားတွေက ဆိုပါတယ်။

“ အခုမိုးဦးကျ လေးမှာပျိုးခင်းတွေကြဲ ပြီးပျိုးထောင်ရမယ့်အချိန်မှာ စစ်ကြောင်းတွေက ဝင်လာပြီး တပ်စွဲတော့ ဘာမှမလုပ်နိုင်၊ လယ်တွေ ဒီအတိုင်းပစ်ထားရတယ်။ ပျိုးမရလို့ စပါးမစိုက်နိုင်ရင် ဝမ်းစာစ ပါးမရှိ ငတ်ပြတ်မှာလေ။ အခုက ပေါ်တာလဲကြောက်ရ၊ လက်နက်ကြီးတွေလဲ ကြောက်ရတော့ နွားတွေ လှည်းတွေနဲ့ စစ်ရှောင်နေရတာ၊ လယ်သမားတွေ အငတ်ဘေးအပြင် လယ်ယာတွေလည်း ပျက်စီးနေပါ တယ်” လို့ လယ်သမားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ အုပ်ဖို့မြို့နယ် နှောကုန်း‌၊ မြောင်၊ မျောက်ချောပင်၊ ရှားစေးဖို၊ ကိုင်းကြီးကျေးရွာတွေမှာ တပ်စွဲထားသလို ကင်းပုန်းဝတ်တာ ပြည်သူတွေကို လိုက်လံဖမ်းဆီးပြီး၊ လူ သားဒိုင်းလုပ်တာတွေကြောင့် လယ်သမားတွေ လယ်ယာလုပ်ငန်းခွင် မဝင်ရဲပဲ တိမ်းရှောင်းနေကြရ တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အုတ်ဖိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဆက်ရှိနေတာကြောင့် စစ်ရှောင်နေ ရသူတွေထဲက မိုးစပါးစိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ အခက်အခဲ ဖြစ်နေတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကြောင်းဟာ မေ ၂၁ ရက်က စတင်စစ်ကြောင်းထိုးလာတာပြီး အုတ်ဖိုမြို့နယ်ထဲက သရက်တော၊ ထွက်တိုး၊ စံပြ၊ ကိုင်းကြီး၊ ကိုင်းကလေး၊ မအူတန်း၊ ကြို့ကိုးပင်၊ ကျွဲဖြူမ၊ ဂွေးချိုကွင်း၊ ရှား စီးဖိုကျေးရွာအပါ ရွာပေါင်း ၃၀ နီးပါးက ဒေသခံ ၁ ထောင်ကျော်ဟာ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ကြောင်းဟာ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာမှာရှိတဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း (ခမရ၆) ထဲမှာ မိုညိုမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်တို့က ပြည်သူ့စစ်အဖွဲ့တွေနဲ့ စုဖွဲ့ပြင်ဆင်မှုတွေ ပြုလုပ် ပြီးနောက် အင်အား ၃၀၀ ကျော်နဲ့ မြို့ရဲ့ ၅ မိုင်၀န်းကျင်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး တပ်စွဲနေတာလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.