, , ,

အင်းတော်နဲ့ မော်လူးမှာ တိုက်ပွဲတွေကြောင့် မိုးစပါး မစိုက်ပျိုးနိုင်တော့ဘူးလို့ တောင်သူတွေပြော

The Farmer Times၊ ဇွန်လ ၂ ရက်၊ ၂၀၂၆။ စစ်ကိုင်းတိုင်း ၊ အင်းတော်နဲ့ မော်လူးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတောင်သူတွေ အနေနဲ့ မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးတဲ့အတွက် လာမယ့်နှစ်မှာ ဒေသတွင်း ဆန်စပါးစားနပ်ရိ ဖူလုံ ရေး လိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ ဒေသခံတောင်သူတွေက..

The Farmer Times၊ ဇွန်လ ၂ ရက်၊ ၂၀၂၆။

စစ်ကိုင်းတိုင်း ၊ အင်းတော်နဲ့ မော်လူးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတောင်သူတွေ အနေနဲ့ မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးတဲ့အတွက် လာမယ့်နှစ်မှာ ဒေသတွင်း ဆန်စပါးစားနပ်ရိ ဖူလုံ ရေး လိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

နှစ်စဉ် ယခုလိုအချိန်ကာလတွင် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးဖို့အတွက် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်နေကြရမှာ ဖြစ်ပေမယ့်၊ တိုက်ပွဲတွေကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာ စစ်ရှောင်နေ ကြရတဲ့အတွက် လက်ရှိအချိန်ထိ မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

” မိုးတွင်းက စပါးအဓိကစိုက်တာ။ အခုက ပြေးနေရတော့ အိမ်လည်းမပြန်နိုင် ဘာမှလုပ်မရဘူး။ အရင် ဆိုခုချိန် လုပ်ငန်းခွင်ထဲ ရောက်နေပြီ။ စပါးစိုက်ဖို့ လုပ်ကိုင်နေကြပြီ။ ခုကတော့ လူတွေက ဘေးလွတ် ရာ ရှောင်နေရတယ်။ ခုထိ အိမ်ပြန်လို့ မရသေးဘူး။ ” လို့ မော်လူးဒေသခံ စစ်ရှောင်တောင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ အင်းတော်နဲ့ မော်လူးဒေသမှာ မိုးစပါးနဲ့ နွေစပါးကို အဓိကစိုက် ပျိုးကြပြီး၊ စိုက်ပျိုးမြေ (လယ်ဧက) စုစုပေါင်းမှာ ဧက ၆၀,၀၀၀ နီးပါးရှိပြီး အဓိကအားဖြင့် ဆင်းဧကရီ-၃၊ ဧရာမင်းနဲ့ မှော်ဘီစပါးမျိုးတွေကို အဓိကထား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

လတ်တလော ကသာခရိုင်အတွင်းမှာ စက်သုံးဆီ ရှားပါးမှု၊ အပါအဝင် မြေဩဇာနဲ့ သွင်းအားစုစျေး နှုန်း တွေ မြင့်တက်လာမှုနဲ့ အတူ ရိတ်ခြွေစက်ငှားရမ်းခ နှုန်းထားတွေကလည်း ထက်ဝက်ကျော် မြင့်တက် လာတယ်လို့ သိရပါတယ်။

အရင်က ရိတ်သိမ်းပြီး မြေပဲကို စက်ခြွေရာမှာ မြေပဲတစ်တင်းကို ၅,၀၀၀ ကျပ်လောက် ကျသင့်ရာကနေ အခုနှစ်မှာတော့ တိုက်ပွဲကြောင့် တစ်တင်းကို ၁၀၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ တောင် သူ တွေက ဆိုပါတယ်။

သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်တွေ အဆမတန် မြင့်တက်နေပေမယ့် ရရှိလာတဲ့ မြေပဲဆံကို မိုးညှင်းမြို့အ ထိ သွားရောင်းချရာမှာတော့ တစ်ပြည်ကို ၁၀,၀၀၀ ကျပ်နီးပါးလောက်သာ စျေးရရှိတဲ့အတွက် တွက် ခြေမကိုက်ဘူးလို့လည်း တောင်သူတွေက ရင်ဖွင့်ကြပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အဆိုပါဒေသက တောင်သူတွေဟာ စပါးနဲ့ မြေပဲကိုသာ အဓိကစိုက်ပျိုးကြ ပြီး၊ လယ်ယာလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် ပင်မဝင်ငွေရတဲ့ မိရိုးဖလာ အလုပ်တခုအဖြစ် လုပ်ကိုင်ကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် မိုးစပါးသီးနှံသာ စိုက်ပျိုးနိုင်ခြင်းမရှိပါက ဒေသတွင်းစားဝတ်နေရေးအတွက် ဆန်လိုအပ် ချက်ရှိလာနိုင်တဲ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

” အခုဆို လက်ထဲကျန်တဲ့ စပါး၊ မြေပဲကို ရသလောက် အကုန်ရောင်း၊ ကျန်တာကိုသယ်တယ်။ လယ် ထွန်စက်ရိတ်စက်ဆိုလည်း စစ်ရှောင်ရင်း အကုန်သယ်ရသမျှ သယ်လာကြတာ။ စပါးကတော့ ခုနှစ် တိုက်ပွဲသာ ဖြစ်နေရင် မကြဲရဖို့လည်းများတယ်။ ခုရာသီသိမ်းထားတဲ့ မြေပဲတောင် စျေးနှိမ်ခံရတယ်။ စပါးက တစ်ဧကကို လယ်ကောင်းရင် တင်း ၁၀၀ ကနေ ၁၂၀ လောက်ထွက်တယ်။ လယ်မကောင်းရင် တင်း ၇၀ ကနေ တင်း ၉၀ လောက်ထွက်တယ်။ ” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းက စစ်ရေးမဟာဗျူဟာကျတဲ့ ကသာ၊ အင်းတော်၊ မော်လူးမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်တွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ် ပွားနေပြီး၊ ကသာမြို့အနီးမှာ ကားရာချီ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားထားတဲ့ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းရှိ အင်းတော် – နဘားလမ်းကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက စလို့ ထိုးစစ်ဆင်ဝင်ရောက်လာပြီးနောက် အင်းတော်ကို ဧပြီ ၂၉ ရက်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး၊ မော် လူးမြို့ကိုတော့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ အင်းတော် – နဘားလမ်းကို အာဏာသိမ်းစစ်တပ်က ဖြတ်သန်းခွင့် လမ်းပိတ်လိုက်တဲ့ အတွက် မြစ်ကြီးနား – မန္တလေးလမ်းပိုင်းကို အသုံးပြုပြီး၊ ကုန်ပစ္စည်း သယ်ယူရောင်းချသူတွေနဲ့ ယာဉ် လိုင်းသမားသာမက ကုန်ပစ္စည်းပြတ်လပ်ပြီး၊ စျေးနှုန်းမြင့်တက်မှုဒဏ်ကို ခံစားနေရတယ်လို့ ဒေသခံ တွေက ပြောဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed