July 12, 2026

မြိတ်ခရိုင်အတွင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့ ဂုဏ်ပြုပွဲအခမ်းနား KNU ပြုလုပ်

The Farmer Times၊ ဇွန်လ ၉ ရက်၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ထဲမှာ ၂၀၂၆ ခုနှစ် ဇွန်လ (၅) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သာဘာဝပတ်ဝန်းကျင်နေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို လယ်ဒိုစိုးမြို့နယ် သစ်တောဌာနက ဦး‌ဆောင်ကျင်းပခဲ့တယ်လို့ ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းနားကို လယ်ဒိုစိုးမြို့နယ် ခေါင်းဆောင်တွေ အပါအဝင် မြို့နယ်ရှိ လူငယ်ခေါင်း‌ ဆောင်တွေ ကျေးရွာလူငယ်ခေါင်းဆောင်တွေ၊ ကော်သူးလေကျောင်းသူ၊ ကျောင်းသား စုစုပေါင်း လူဦး ရေ (၃၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လူငယ်တွေနဲ့ တာဝန်ရှိသူတွေဟာ ဂုဏ်ပြုပွဲ အစီအစဉ် ပြီးဆုံးတဲ့နောက်မှာ စုပေါင်းသစ်ပင်စိုက်ပျိုးမှု အစီအစဉ် တစ်ရပ်ကိုလည်း ပြုလုပ်ကျင်းပခဲ့ကြတယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.