July 12, 2026

ကုန်အဝင်များလို့ ပို့ကုန်ပဲများနှင့် မီးဖိုချောင်သုံးသီးနှံများ အရောင်းအဝယ် အေးနေ

The Farmer Times၊ ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်ပုံမှန်ရှိနေတာကြောင့် ကွန်တိန်နာ အစီးရေအလိုက် အရောင်းအဝယ် ခပ်သွက် သွက် အရောင်းအဝယ် ဖြစ်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်၊ အာလူးနဲ့ ရေထွက်ကုန် တွေကတော့ နယ်စုံကနေ ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးအတက်အကျ သိပ်မရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဇွန်လ ၈ ရက်နေ့ ဈေးကွက်ပေါက်စျေးအရ မတ်ပဲ (FAQ/RC) (2026) က ဈေးကွက်အတွင်း အဝယ်ရှိနေတာကြောင့် တစ်တန်ကို ၃,၀၆၅,၀၀၀ ကျပ်ပေါက် ဈေးရှိပြီး ကွန်တိန်နာ ၅ ခန့် အရောင်းအဝယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်ပဲ FAQ/RC (2026 ) က တစ်တန်ကို ၃,၀၆၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ ကွန်တိန်နာ ၅ စာ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ မတ်ပဲ SQ/RC (2026) က တစ်တန်ကို ၃,၃၆၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ပဲစင်းငုံနီ RC (2026) က တစ်တန်ကို ၃,၁၁၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ ကွန်တိန်နာ ၅ လုံးစာ အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဘုရင့်နောင်ကုန်ဒိုင်က ထုတ်ပြန်ထားပါတယ်။

မတ်ပဲ RAW (2026) က လက်ငင်းပေါက်ဈေး တစ်ပိဿာကို ၄,၉၆၅ ကျပ်မှ ၅,၀၀၀ ကျပ်အတွင်း ပေါက် စျေး ရှိနေပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ

စျေးကွက်ထဲမှာ ကြက်သွန်နီ ဆိပ်ဖြူ(ရှယ်) က တစ်ပိဿာကို ၃,၃၀၀ ကျပ်၊ ဆိပ်ဖြူ (လတ်ကြီး၊ လတ်သန့်၊ လတ်ချော) က အမျိုးအစားအလိုက် တစ်ပိဿာကို ၂,၂၀၀ ကျပ်မှ ၃,၁၅၀ ကျပ်အတွင်း အသီး သီး ပေါက်ဈေးရှိနေပါတယ်။ ဇွန်လ ၈ ရက်က ဈေးကွက်ထဲသို့ ကုန်ကားစီးရေ ၃၃ စီး၊ ကြက်သွန် ပိဿာချိန် စုစုပေါင်း ၁၉၈,၀၀၀ ထိ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၇,၅၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပါတယ်။ ကြက်သွန်ဖြူ (အောင် ပန်း-ထူး) က အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ ကျပ်မှ ၈,၅၀၀ ကျပ်အတွင်း ပေါက်ဈေးရှိနေ ပါတယ်။ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်ဖြူ (ကြူကုတ်) စုစုပေါင်း အိတ်ရေ ၆၅၈၊ ပိဿာချိန် ၁၃,၁၆၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။

အာလူး၊ ငရုတ်သီးခြောက်

အာလူး(အောင်ပန်း) ကတော့ တစ်ပိဿာကို ၁,၇၀၀ ကျပ်၊ OK နှင့် S1 အုပ်စုက ၂,၄၀၀ ကျပ် အသီး သီး ပေါက်ဈေးရှိနေပြီး၊ ကုန်စည်ဒိုင်ကို ကုန်ကားစီးရေ ၁၆ စီး၊ အာလူး ပိဿာချိန် ၉၆,၀၀၀ ခန့် ဝင်ခဲ့ပါတယ်။

ငရုတ်သီးခြောက်(မြစ်ဝကျွန်းပေါ် မိုးထောင်ဦး) က တစ်ပိဿာကို ၁၂,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်၊ ဆင်ဖြူကျွန်း (ပု) က တစ်ပိဿာကို ၃၂,၅၀၀ ကျပ်မှ ၃၃,၅၀၀ ကျပ်အတွင်း အမျိုးအစားအလိုက် အသီး သီး ပေါက်ဈေးရှိနေပါတယ်။ ဇွန်လ ၈ ရက်နေ့က ဈေးကွက်ထဲကို ငရုတ်သီးအိတ်ရေ ၈၀၀၊ ပိဿာချိန် ၁၆,၀၀၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။

ပုစွန်ခြောက်နှင့် ငါးခြောက်

ဖျာပုံရွှေသီးပုစွန်ခြောက် (ရှယ်) က တစ်ပိဿာကို ၂၇၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ်ဝန်းကျင်၊ ရခိုင် ရွှေသီး (ရှယ်) က ၁၆၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ငါးရံ့ခြောက်ကြီးက တစ်ပိဿာကို ၁၁၀,၀၀၀ ကျပ်၊ ငါးပုတ်ခြောက် (ရှယ်) တစ်ပိဿာကို ၆၅,၀၀၀ ၊ ငါးနီတူခြောက် တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။

မတ်ပဲနှင့် ပဲစင်းငုံက ပြည်ပဝယ်လိုအား ပုံမှန်ရှိနေတာကြောင့် ဈေးနှုန်းခိုင်မာမှု ဆက်လက်ရှိနေနိုင်သလို၊ ပြည်တွင်းစားသုံးမှုအခြေခံ မီးဖိုချောင်သုံးနဲ့ ရေထွက်ကုန်တွေကတော့ လာမယ့်ရက်ပိုင်းအ တွင်းမှာလည်း ကုန်စည်ဝင်ရောက်မှု မှန်ကန်နေဦးမှာဖြစ်လို့ ဈေးနှုန်းတွေ သိသိသာသာ ပြောင်းလဲဖို့မရှိဘဲ ဆက် လက်တည်ငြိမ်နေဦးမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သုံးသပ်ထားပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.