September 3, 2026

ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်များကို တားဆီးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်တန့်ရန် အရပ် ဘက် အဖွဲ့အစည်းများ တောင်းဆို(ရုပ်/သံ)

The Farmer Times၊ ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။

ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်များကို တားဆီးနိုင်ဖို့အတွက် မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ် တန့်ရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၂၉ က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၉ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ PAYAP တက္ကသိုလ်မှာကျင်းပတဲ့ ကချင်ဒေသတကြော့ပြန် စစ် ဖြစ်ပွားမှု (၁၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ အဲ့ဒီလိုတောင်းဆိုခဲ့တာပါ။

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းနေတာဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူတွေ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်တယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ရှိနေတဲ့ကြားက စစ်ကောင်စီဟာ ပြည် သူလူထုရဲ့ ကြီးမားတဲ့ ကန့်ကွက်မှုကြောင့် အရင်က ရပ်ဆိုင်းထားခဲ့ရတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ပြန် လည်အသက်သွင်းဖို့ ရန်လိုစွာ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ဒီဆည်စီမံကိန်းဟာ မြန်မာတစ်နိုင်ငံလုံးအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ် စေတယ်လို့လည်း ပြောဆိုထားပါတယ်။

ဧရာဝတီမြစ်ဟာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မြောက်ပိုင်း တောင်တန်းများမှသည် ငလျင်ဒဏ်သင့် အလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသအထိ လူမှုအသိုင်းအဝိုင်းပေါင်းစုံကို အသက် ဆက်ပေးနေတဲ့ နိုင်ငံရဲ့ အဓိကသွေးကြောဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.