September 3, 2026

တမာစေ့ တစ်တင်းကို ခြောက်သောင်းကျပ်ထိ ဈေးပေးဝယ်ယူနေဟု ဆို(ရုပ်/သံ)

The Farmer Times၊ ဇွန်လ ၁၉ ရက်၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပိုးသတ်ဆေးထုတ်လုပ်တဲ့ စက်ရုံတချို့က အညာဒေသမှာ စိုက်ပျိုးမှုများတဲ့ တမာစေ့ အခြောက်တစ်တင်းကို ကျပ် ၄၀,၀၀၀ ကနေ ၆၀,၀၀၀ ကျပ် အထိ ဈေးပေးဝယ်ယူနေတယ်လို့ မန္တလေးမြို့ရှိ တမာပိုးသတ်ဆေးထုတ်လုပ်တဲ့ လုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။

စက်ရုံတိုက်ရိုက်ဈေး မြင့်တက်လာပေမယ့် မြေပြင်မှာ လိုက်လံဝယ်ယူစုဆောင်းတဲ့ ပွဲစားတွေကတော့ တစ်တင်းကို ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်အထိသာ ဈေးပေးဝယ်ယူနေကြတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ဒေသခံတွေကတော့ တမာစေ့ပေါပေါများများ ရှိနေပေမယ့်၊ လာ ရောက်ဝယ်ယူသူ မရှိသလို၊ ဘယ်ကိုသွားရောင်ရမယ်ဆိုတာလည်း မသိတာကြောင့် နယ်ကိုယ်စား လှယ်၊ အရောင်းဒိုင်များ ဖွင့်ပေးစေလိုတယ်လို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.