The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်
The Farmer Times၊ ရန်ကုန်၊ ဇွန် ၂၃၊ ၂၀၂၆
အခုဆက်ပြီး ဇွန်လ ၁၂ ရက်ကနေ ၁၉ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက စျေးဆက် တိုက်မြင့်တက်လာသလို၊ ပဲစင်းငုံကလည်း စျေးပြန်တက်လာပါတယ်။ ပဲတီစိမ်းကတော့ အမျိုးအစား အားလုံး စျေးထပ်မံကျဆင်းနေတာကို တွေ့ရပါတယ်။ ပဲပုတ်က အကျစျေးမှာ ငြိမ်နေပြီး၊ ကုလားပဲကတော့ စျေးကျဆင်းနေပါတယ်။
