October 18, 2026

စစ်ခေါင်းဆောင်ရဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ ညွှန်ကြားချက် အကောင်အထည် မဖော်နိုင်သေး(ရုပ်/ သံ)

‎ရန်ကုန်၊ စက်တင်ဘာ ၂၂၊ ၂၀၂၆။

‎ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေဖို့အတွက် ကုန်သွယ်လမ်းကြောင်းများ တစ်လျှောက်ရှိ မလို လားအပ်တဲ့ စစ်ဆေးရေးဂိတ်တွေကို လျှော့ချသွားမယ်လို့ အာဏာသိမ်းစစ်အစိုးရက ပြောထားပေမယ့် မြေပြင်အခြေအနေတွေကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် အသိုင်း အဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း စစ်အစိုးရ သမ္မတတု မင်းအောင်လှိုင်က စစ်ဆေး‌ရေးဂိတ်တွေကို လျှော့ချသွားဖို့ ညွှန်ကြားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

‎လက်တွေ့မှာတော့ မည်သည့်ကုန်သွယ်လမ်းကြောင်းက ဘယ်နှစ်ဂိတ် လျှော့ချသွားပြီ ဆိုတာမျိုး တိ တိ ကျကျထုတ်ပြန်တာ မတွေ့ရှိရသေးသလို ဂိတ်ကြေးတွေကို လျော့ချသတ်မှတ်တာမျိုးလည်း မတွေ့ရသေးဘူးလို့ ကုန်သည်တွေက ထောက်ပြကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.