October 18, 2026

ရေနစ်မြှုပ်ပျက်စီးခဲ့တဲ့ လယ်ယာတွေနဲ့ ပတ်သက်လို့ အကူအညီမှ မရရှိသေးတဲ့အပေါ် လယ်သမားတွေ ဝေဖန်

The Farmer Times၊ စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၆။

ရေကြီးနစ်မြှုပ်မှုကြောင့် ဧရာ၀တီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ မိုးစပါးစိုက်ဧက ငါးသောင်းကျော် ပျက်စီးခဲ့ပေမယ့်၊ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်အစိုးရဘက်က လာရောက်ကူညီထောက်ပံ့ပေးတာ မရှိသေးတဲ့အပေါ် ဒေသခံပြည်သူတွေနဲ့ တောင်သူလယ် သမားတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ငဝန်ရေကာတာ ကျိုးပေါက်မှု ဖြစ်ပွားခဲ့ တာကြောင့် ဧရာ၀တီတိုင်းဒေ သကြီး လေးမျက်နှာမြို့နယ်၊ ငဝန်မြစ် အရှေ့ဘက်ကမ်းရှိ လူနေအိမ်အမြောက် အများနဲ့ ရေကြည်၊ ဟသ်ာတ၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းနဲ့ ဓနုဖြူမြို့နယ်တို့မှာပါ စပါး အပါအဝင် တခြားယာစိုက်ခင်းတွေပါ ရေနစ်မြှုပ်ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

‘’ ရေကလေ တစ်ကွင်းပြီး တစ်ကွင်း မြှုပ်သွားတာဖြစ်တဲ့အတွက် အခုလက်ရှိတော့ ဧက ၅၀,၀၀၀ လောက်ထိ ကတော့ ပျက်စီးသွားတယ်ပေါ့။ အခုပြောတာ လုံးဝပျက်စီးသွားနိုင်တဲ့ ဧရိယာကိုပြောတာ။ ပြန်ကောင်းနိုင်တဲ့ ဧရိယာကို မခန့်မှန်းရသေးဘူး။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဉပဒေဆိုတာ ရှိတယ်။ အဲဒီဉပဒေမှာ အခုလို သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားရင် အစိုးရအနေနဲ့ အဲပျက်စီးသွားတဲ့ တောင်သူတွေကို ထောက်ပံ့ပေးဖို့အတွက် အဲဒီ ဉပဒေရဲ့ ရည်ရွယ်ချက်မှာ နံပါတ် ၄ အချက်မှာ ပါတယ်။ အဲဒီတောင်သူတွေက တစ်ဧကကို အနည်းဆုံး ထွန်ယက်ခ၊ မျိုးဖိုး၊ လုပ်အားခမြေသြဇာ အားလုံးက တစ်ဧကကို ၅ သိန်းလောက်ကုန်ပြီးသွားပြီ။ တကယ်ပျက်စီးသွားတဲ့ တောင်သူတွေ အတွက်တော့ တစ်ဧကကို အနည်းဆုံး ၃ သိန်းကနေ ၅ သိန်းလောက် နိုင်ငံတော်က ကျခံပေးပါမှ အဲဒီ တောင်သူတွေရဲ့ ဘဝမပျက်ဘူး ဖြစ်မယ်။ မဟုတ်ရင် အဲဒီရေမြှုပ်သွားတဲ့ တောင်သူတွေရဲ့ ဘဝက ပျက်စီးသွားမှာ။ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကလည်း စပါးဈေးတွေက မတရားကျ တောင်သူတွေက အရှုံးပေါ်ပြီး ကြွေးတင်နေတာ။ အဲတာကို ခုတကယ်လို့ ခုဒီရေ မြှုပ်တာသာဆိုရင် အဲဒီတောင်သူတွေရဲ့ ဘဝဟာ မစဉ်းစားရဲဘူး “ လို့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) နဲ့ ဧရာ၀တီတိုင်း အစိုးရဘက်ကတော့ လက်ရှိရေနစ်မြုပ်နေတဲ့ စပါး ခင်းတွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် ရေပြန်ကျချိန်မှာ လိုအပ်တဲ့မြေဩဇာ၊ မျိုးစေ့တွေကို ထောက်ပံ့သွားမှာ ဖြစ်သလို ပျက်စီးလယ်ယာတွေမှာ ပဲ၊ ပဲပုတ်နဲ့ တခြားသီးနှံတွေကို အစားထိုးစိုက်ပျိုးနိုင်ဖို့ ကူညီပေးသွားမယ်လို့ လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ရေနစ်မြုပ်မှုကြောင့် လုံးဝပျက်စီးသွားတဲ့ စိုက်ခင်းတွေကတော့ နောက်ထပ် စပါးစိုက်ပျိုးဖို့ အချိန်မမှီ တော့သလို တခြားသီးနှံစိုက်ပျိုးဖို့ကလည်း အဆင်မပြေနိုင်တဲ့အပြင် ထပ်စိုက်ဖို့အတွက် လယ်သမားအများစုက စိုက်ပျိုးစရိတ် အရင်းအနှီးကုန်ကျငွေ မရှိဘူးကြဘူးလို့ ဒေသခံလယ်သမားတွေက ပြောဆိုကြပါတယ်။

တခြားသီးနှံ ထပ်မံစိုက်ပျိုးမယ်ဆိုပါက အသင်းအဖွဲ့နဲ့ စစ်အစိုးရဘက်က ထွန်ယက်ခ၊ မျိုးစေ့၊ မြေ ဩဇာ၊ ပေါင်း သတ်ဆေး အားလုံးကို အပြည့်အဝထောက်ပံ့ပေးမှသာ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

‘’ ပျက်စီးတဲ့အထဲကတော့ တောင်သူတိုင်းပါနေကြတာပဲ။ ကျွန်တော်တို့လယ်တွေက တော်တော်များများ နစ် သွားတာလေ။ ကျွန်တော်က ၉ ဧကကျော် စိုက်ထားတာတွေက။ စိုက်ထားတာကလည်း အ ရင်းအနှီးကလည်း များတယ်။ သွင်းအားစုတွေ ထည့်ထားတာနဲ့ တစ်ဧက ၅ သိန်း တပတ်လည်၊ ၅ သိန်းလောက်ပေါ့ ရင်းထားတာ သိန်း ၅၀ နီးပါးလောက် ဆုံးရှုံးသွားတာပေါ့။ အစိုးရအကူအညီ အ ထောက်အပံ့ဆိုတာလည်း အခုထက်ထိတော့ နဂိုကလည်း ကူညီမယ်လို့ အသံလည်း မကြားပါဘူး။ ပြီးတော့ မြေပြင်မှာ ထိထိရောက်ရောက် ကူညီပေးမယ့် အဖွဲ့အစည်းဆိုတာလည်း မရှိပါဘူး။ ပြန်စိုက်ဖို့ကျတော့လည်း မဖြစ်နိုင်ဘူးပေါ့ဗျာ။ အရင်းအနှီးတွေက များ တာနဲ့ အချိန်ကာလတွေက စကော စကတွေ ဖြစ်ကုန်တာတွေနဲ့ ဆိုတော့။ ဘယ်အသင်းအဖွဲ့မှလည်း မကူညီသလို အစိုးရဘက်ကလည်း အကူအညီပေးဖို့တွေ ဘာမှမပြောလာသေးဘူး။ MRF ကပြောသလိုကလည်း မဖြစ်နိုင်ဘူး ထင်ပါတယ်။ အရင်းအနှီးတွေက အရမ်းများတဲ့ အခါကျတော့လေ။ သူတို့ဘက်က လုပ်ပေးရင်တောင်မှ ကျွန် တော်တို့မှာ လုပ်အားတွေရော အများကြီး စိုက်ထားရတာ။ စက်အားတွေရော ထွန်စက်ဖိုးတွေနဲ့။ အရင်း အနှီးအတွက်ကလည်း မတတ်နိုင်တော့ဘူး။ အရင်နှစ်တွေကလည်း ကျွန်တော်တို့က စပါးစိုက်တဲ့ အပေါ်မှာ အရှုံးတွေ ပေါ်ထားတာလေ တောင်သူတွေမှာ။ အခုလို ဖြစ်ထားပြီးတဲ့အခါမှာကျတော့ ပြန်စိုက်ဖို့တော့ မလွယ်ပါဘူး” လို့ ရေကြည်မြို့နယ်မှ လယ်သမား ဦးသက်နိုင်ဝင်းက ပြောပါတယ်။

အခုနှစ်မှာ ဧရာဝတီတိုင်း အပါအဝင် စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း ရေကြီးနစ်မြှုပ်မှုများကြောင့် စပါးခင်းတွေ အပါအဝင် တခြားကောက်ပဲသီးနှံယာခင်းတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ တာကြောင့် လာမယ့်ရာသီမှာ မိုးစပါးအထွက်နှုန်း လျော့ကျပြီး၊ ဆန်စပါးစျေးက အမြင့်ပိုင်းမှာပဲ ရှိနေနိုင်တယ်လို့ ဆန်ကုန် သည် အသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။

ဧရာ၀တီတိုင်း စစ်အစိုးရအဖွဲ့ကတော့ အခုနှစ်မှာ ဧရာဝတီတိုင်းအတွင်း မိုးစပါးစိုက်ဧက ၃ သန်းကျော်အထိ စိုက် ပျိုးထားပြီး၊ အခု ရေနစ်မြှုပ်ပျက်စီးမှု ဖြစ်ပေါ်နေတဲ့ စပါးခင်းဧက ပမာဏက နည်းပါးတာကြောင့် ဆန်စပါးလို အပ်ချက်မရှိ နိုင်ဘူးလို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.