ရေနစ်မြှုပ်ပျက်စီးခဲ့တဲ့ လယ်ယာတွေနဲ့ ပတ်သက်လို့ အကူအညီ မရရှိသေးတဲ့အပေါ် လယ်သမားတွေ ဝေဖန်(ရုပ်/သံ)
The Farmer Times၊ စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၆။
ရေကြီးနစ်မြှုပ်မှုကြောင့် ဧရာ၀တီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ မိုးစပါးစိုက်ဧက ငါးသောင်းကျော် ပျက်စီးခဲ့ပေမယ့်၊ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်အစိုးရဘက်က လာရောက်ကူညီထောက်ပံ့ပေးတာ မရှိ သေးတဲ့အပေါ် ဒေသခံပြည်သူတွေနဲ့ တောင်သူ လယ်သမားတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ငဝန်ရေကာတာ ကျိုးပေါက်မှု ဖြစ်ပွားခဲ့ တာကြောင့် ဧရာ၀တီတိုင်းဒေ သကြီး လေးမျက်နှာမြို့နယ်၊ ငဝန်မြစ် အရှေ့ဘက်ကမ်းရှိ လူနေအိမ်အမြောက် အများနဲ့ ရေကြည်၊ ဟသ်ာတ၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းနဲ့ ဓနုဖြူမြို့နယ်တို့မှာပါ စပါး အပါအဝင် တခြားယာစိုက်ခင်းတွေပါ ရေနစ်မြှုပ်ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
