ကြက်သွန်နီ တစ်ပိဿာ ၈,၀၀၀ ကျပ်ထိ ရောက်ရှိလာပြီးအောက် တိုဘာထိ အမြင့်စျေးဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်း
The Farmer Times၊ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆။
အခုရက်ပိုင်းမှာ ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်နေပြီး၊ ကြက်သွန်နီ အသစ်တွေထွက်ပေါ်လာ မယ့် အောက်တိုဘာလအထိ အမြင့်စျေးနဲ့သာ ဆက်ရှိနေနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ပြော ဆို ကြပါတယ်။
အခု စက်တင်ဘာလအတွင်းမှာ ပခုက္ကူမြို့နယ်နဲ့ မြင်းခြံမြို့နယ် ကုန်စည်ဒိုင်ကို ကြက်သွန်နီ ကုန်ချိန်ဝင် ရောက်မှု နည်းပါးလာတဲ့အတွက် စျေးဆက်တိုက်မြင့်တက်လာပြီး စက်တင်ဘာ ၂၃ ရက်(မနေ့က) စျေးကွက်ထဲမှာ ကြက်သွန်နီ တစ်ပိဿာကို ၈,၀၀၀ ကျပ်အထိ စျေးမြင့်တက်လာကို တွေ့ရှိရပါတယ်။
စက်တင်ဘာ ၂၃ ရက်မှာ ပခုက္ကူကုန်စည်ဒိုင်ကို ကြက်သွန်နီ ဝင်ရောက်မှုက ပိဿာချိန် ထောက်ဂဏန်း သာရှိပြီး၊ ဝင်ရောက်မှု အလွန်နည်းပါးလာတဲ့အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှမတ ဖြစ်ပေါ်လာ ပြီးနောက် ကြက်သွန်နီ တစ်ပိဿာကို ၇,၀၀၀ မှ ၈,၀၀၀ ကျပ်ထိ စျေးမြင့်တက်လာတာ ဖြစ်ပါတယ်။
အဲဒီစျေးနူန်းဟာ ကြက်သွန် (အကြီး၊ အသေး) အရောနှော (ဂျွန်) စျေးနူန်းဖြစ်တယ်လို့ ဒေသခံကုန် သည်တွေက ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်က ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီ တစ်ပိဿာကို ၅,၀၀၀ မှ ၇,၀၀၀ ကျပ် စျေး သာရှိခဲ့တာဖြစ်လို့ တစ်ရက်အတွင်းမှာ တစ်ပိဿာကို ၁,၀၀၀ ကျပ်ခန့် ထပ်မံမြင့်တက်လာတာ ဖြစ်ပါ တယ်။
အဓိက ကုန်ပစ္စည်းလက်ကျန်နည်းလာပေမယ့် ပြည်ပဝယ်လက်များ အပါအဝင် ရန်ကုန်နဲ့ နယ်စျေး ကွက်တွေကိုလည်း တင်ပို့ရောင်းချရတဲ့ အခြေအနေတွေကြောင့် စျေးကအတက်ဘက် ဆက်တိုက် ရောက်ရှိလာတာ ဖြစ်ပါတယ်။
” ကြက်သွန်ကကို နည်းလာတာ။ တော်တော်ကို နည်းလာတာ။ ပစ္စည်းအဝင်းကနည်းပြီး ဝယ်လိုအား ကရှိတော့ စျေးကထပ်တက်လာတာ။ တက်တာကလည်း တစ်ရက်ကို ၅၀၀၊ ၁,၀၀၀ လောက်ခုန်တက် တော့ အခြေအနေ စောင့်ကြည့်နေကြတယ်။ စျေးတက်ပေမယ့် ကြက်သွန် အဝင်နည်းတာကြောင့် ပစ္စည်းအကုန် ပြတ်ပါတယ်။ အရောင်းအဝယ်ဖြစ်တယ်။ အခုက ပြည်ပအဝယ်လည်း ရှိတယ်ဆိုပေ မယ့် အများကြီးမရောင်းရဘူး။ ပစ္စည်းအဝင်က ကိုနည်းနေတော့လေ။ နယ်စျေးက မြောက်နေတော့ ပြည်ပဝယ်လက်နဲ့ သိပ်မကိုက်ဘူး။ ကြက်သွန်အသစ်တွေ မဝင်သေးသရွေ့တော့ စားသုံးသူတွေ သည်းခံ ပေးကြပါအုံး။ အောက်တိုဘာလလောက်အထိ သည်းခံပေးကြပါအုံး၊ အဲဒီနောက်တော့ အသစ်တွေပေါ် လာရင် အဆင်ပြေသွားမှာပါ။ ပြီးခဲ့တဲ့နှစ်မှာ တောင်သူတွေက ရှုံးခဲ့တော့ ကြက်သွန်စိုက်ဧကတွေ လျော့ကျခဲ့တယ်။ အဲဒါကြောင့်လည်း အထွက်နူန်းက လျော့ကျပြီး ကုန်လက်ကျန်နည်းလာတာလည်း ပါတယ်။ ” လို့ ပခုက္ကူကုန်သည်တစ်ဦးက ပြောပါတယ်။
အလားတူ မြင်းခြံကုန်စည်ဒိုင်မှာလည်း အခုရက်ပိုင်းအတွင်း ကြက်သွန်နီ ပိဿာချိန် သောင်းဂဏန်း လောက်သာ ဝင်ရောက်မှုရှိခဲ့ပြီး၊ စက်တင်ဘာ ၂၃ ရက်က မြင်းခြံကုန်စည်ဒိုင်ကို ကြက်သွန်နီ ပိဿာချိန် ၂၄,၀၀၀ လောက်သာ အဝင်ရှိခဲ့ပါတယ်။
အဲဒါကြောင့် ကြက်သွန်စျေးကလည်း မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၆,၀၀၀ မှ ၇,၄၀၀ ကျပ်ရှိ လာပြီး အရောင်းအဝယ်သွက်တဲ့အပြင် အလုအယက်ဝယ်ရတဲ့ အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ကုန် သည်တွေက ပြောပါတယ်။
” ကြက်သွန်က ရွာလာဝယ်တာတင် ၆,၅၀၀ ပေးတယ်။ ပွဲရုံတက်ရောင်းရင် ၇,၀၀၀ စျေးရတယ်။ အခုက လက်ထဲ ကြက်သွန် မရှိတော့ပါဘူး ။ တောင်သူကြီးတွေလောက်ပဲ ရှိတော့တာ။ စျေးလေး လှုပ်လာကတည်းက အကုန်ရောင်းလိုက်တာ။ ကြက်သွန်စျေးကလည်း ဆက်တိုက်ကိုတက်တာ။ အ သစ်ပေါ်ချိန်လည်း တက်ဖို့မျှော်လင့်တယ်။ ” လို့ မြင်းခြံမှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောပါ တယ်။
လက်ရှိ ကြက်သွန်လက်ကျန်က နယ်မြေအေးချမ်းပြီး ငွေကြေးပြည့်စုံတဲ့ တောင်သူတွေနဲ့ ကုန်သည်ကြီး တွေရဲ့ လက်ထဲမှာသာ ကျန်ရှိနေတာ ဖြစ်တဲ့အတွက် ကြက်သွန်ကို ကြိုက်စျေးခေါ်ပြီး လိုသလို ထုတ် ရောင်းချနေကြတာ ဖြစ်တယ်လို့ ကုန်သည်ကြီးတွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
လတ်တလော လက်လီစျေးကွက်မှာတော့ ကြက်သွန်နီ (အသေးဆုံးဆိုဒ်) အရွယ်အစားကိုပင် တစ် ပိဿာကို ၅,၀၀၀ ကျပ်စျေးရှိပြီး၊ မြစ်သားကြက်သွန်နီ (အချော၊အလတ်၊ အသန့်) ဆိုဒ်တွေက အမြင့်ဆုံး စျေး တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြင်းခြံနဲ့ ပခုက္ကူဒေသထွက် ကြက်သွန်နီကို ရန်ကုန်၊ ဘုရင့်နောင်စျေးကွက်ကို တင်ပို့မှုရှိနေ ပေမယ့် ကုန်ချိန်နည်းပါးသလို၊ စျေးတန်းကလည်း နယ်ပေါက်စျေးအတိုင်း အမြင့်စျေးနဲ့ တင်ပို့နေရ တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
မြင်းခြံနဲ့ ပခုက္ကူမြို့နယ်တိုကနေ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို သယ်ယူပို့ဆောင်ရေးစရိတ်က တစ်ပိဿာကို ၂၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေတဲ့အတွက် လက်လီစျေးကွက်မှာ စျေးကအခုထက် ပိုမိုမြင့်တက်နိုင်တယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။
