The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်
The Farmer Times၊ ရန်ကုန်၊ အောက်တိုဘာ ၅ ရက်၊ ၂၀၂၆။
စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အ မြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက စျေးပြန်တက် လာသလို၊ ပဲစင်းငုံကလည်း စျေးထပ်တက်ပါတယ်။ မတ်ပဲနဲ့ ပဲစဥ်းငုံ တစ်တန်ကို ၁၃၀,၀၀၀ ကျပ် ကျော်မှ ၁၅၀,၀၀၀ ကျပ်အတွင်း စျေးတက်လာတာပါ။ ပဲတီစိမ်းကတော့ တ ရုတ်အဝယ်အေးလို့ အကျ စျေးမှာပဲ ဆက်ရှိနေဆဲပါ။ မြေပဲနဲ့ ပဲဖတ်စျေးက ပြန်ကျပါတယ်။ နှမ်းနက်(စမုန်) နဲ့ နှမ်းညို စျေးတက်ပြီး၊ နှမ်းဖြူစျေးကျပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
မတ်ပဲက အိန္ဒိယစျေးကွက်မှာ ပစ္စည်းအဝင်နည်းပြီး စျေးတက်လာမှုနဲ့အတူ ပြည်တွင်းမတ်ပဲစျေးလည်း ခုန်တက်လာတာ ဖြစ်ပါတယ်။ မတ်ပဲစျေး တက်လာပေမယ့် ပြည်တွင်းမှာ အရောင်းအဝယ် သိပ်မရှိပါဘူး။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က မတ်ပဲ (FAQ) တစ်တန်ကို ၃,၄၃၅,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ပြီး၊ အောက်တိုဘာ ၂ ရက်နေ့မှာတော့ မတ်ပဲ (FAQ) တစ်တန်ကို ၃,၅၇၂,၀၀၀ ကျပ် စျေးရှိခဲ့ပါတယ်။
ပဲစင်းငုံ (RC) က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က တစ်တန်ကို ၃,၅၅၀,၀၀၀ ကျပ် စျေးရှိပြီး၊ အောက် တိုဘာ ၂ ရက်နေ့မှာတော့ တစ်တန်ကို ၃,၇၀၂,၀၀၀ ကျပ်စျေးရှိခဲ့ပါတယ်။
ပဲတီစိမ်း(ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ အောက်တိုဘာ ၂ ရက်နေ့မှာ တစ်ပိဿာကို ၅,၅၈၀ ကျပ် စျေးရှိပြီး၊ ပဲတီစိမ်း(အညာ)ကတော့ တစ်ပိဿာကို ၄,၀၀၀ မှ ၄,၀၂၀ ကျပ်နဲ့ ဝါးခယ်မက ၄,၅၀၀ မှ ၄,၅၂၀ ကျပ် အသီးသီးစျေးရှိခဲ့ပါတယ်။
မြေပဲ
မြေပဲကတော့ အရည်အသွေးကောင်းတဲ့ ပဲဆံရှားပြီး၊ ဆီစက်ပိုင်တွေ အဝယ်အေးတာ၊ လုပ်ငန်းသမား တွေ အဝယ်အေးတာကြောင့် အခုတပတ်မှာ စျေးပြန်ကျဆင်းသွားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာ မြေပဲ(S1 လုံးဆံ) တစ်ပိဿာကို ၁၂,၉၀၀ မှ ၁၃,၅၀၀ ကျပ်၊ S1 ဆီဆံက ၁၂,၀၀၀ မှ ၁၃,၀၀၀ ကျပ်၊ အနီလုံးဆံ က ၁၂,၅၀၀ မှ ၁၃,၀၀၀ ကျပ် အသီးသီးစျေးရှိနေပါတယ်။
အောက်တိုဘာ ၂ ရက်နေ့မှာတော့ မြေပဲ(S1 လုံးဆံ) တစ်ပိဿာကို ၁၂,၄၀၀ မှ ၁၂,၇၀၀ ကျပ်၊ S1 ဆီဆံက ၁၁,၅၀၀ မှ ၁၂,၅၀၀ ကျပ်၊ အနီလုံးဆံ က ၁၂,၂၀၀ မှ ၁၂,၃၀၀ ကျပ် အသီးသီးစျေးရှိခဲ့ပါတယ်။
ပဲဖတ်ကတော့ တစ်ပိဿာကို ၆,၆၀၀ မှ ၆,၆၅၀ ကျပ်နဲ့ နှမ်းဖတ်က ၄,၈၅၀ မှ ၄,၉၅၀ ကျပ် စျေးသာရှိ နေပါတယ်။
နှမ်းရောင်စုံ
နှမ်းရောင်စုံစျေးကွက်မှာ နှမ်းနက်(စမုန်) နဲ့ နှမ်းညိုက စျေးတက်ပြီး၊ နှမ်းဖြူက စျေးကျနေပါတယ်။ နှမ်း နက်ကို တရုတ်ဝယ်လိုအား ရှိနေပြီး၊ နှမ်းညိုက ပြည်တွင်းဆီစက်ပိုင်ရှင်တွေရဲ့ ဝယ်လိုအားရှိနေတာ ကြောင့် အတက်စျေးမှာပဲ ရှိနေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့က မန္တလေးစျေးကွက်မှာ နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် တစ်အိတ်ကို ၅၄၀,၀၀၀ မှ ၆၀၀,၀၀၀ ကျပ်စျေးရှိပြီး၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင် တစ်အိတ်ကို ၅၁၀,၀၀၀ မှ ၅၂၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ဗမာ)က ၄၈၀,၀၀၀ မှ ၄၉၀,၀၀၀ ကျပ်စျေးရှိပြီး၊ နှမ်းညိုက ၄၅ ပိဿာဝင် တစ်အိတ်ကို ၄၈၅,၀၀၀ မှ ၅၁၀,၀၀၀ ကျပ် အသီးသီး ပေါက်စျေးရှိခဲ့ပါတယ်။
‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။
