October 16, 2026

မြန်မာ့ပေါ်ဆန်း ကမ္ဘာ့အကောင်းဆုံးဆန်  World Best Rice Award 2026 ဆုရရှိ

The Farmer Times၊ အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၆။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပနေတဲ့  International World Rice Conference 2026 မှာ မြန်မာ့ ပေါ်ဆန်းက ကမ္ဘာ့အကောင်းဆုံးဆန်  World Best Rice Award 2026 ဆုရရှိခဲ့တယ်လို့  မြန်မာနိုင်ငံ ဆန်စ ပါးအဖွဲ့ချုပ်-MRF က ထုတ်ပြန်လိုက်တယ်။

အဆိုပါ အခမ်းအနားကို အမေရိကန်နိုင်ငံ ၊  International Commodity Institute, The Rice Trader အဖွဲ့ အစည်းက ကျင်းပခဲ့တာဖြစ်ပြီး၊ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ဆန်နမူနာတွေ ပေးပို့ယှဥ်ပြိုင် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နိုင်ငံတွေထဲကမှ မြန်မာပေါ်ဆန်းဆန်က ကမ္ဘာ့အကောင်းဆုံးဆန်  World Best Rice Award 2026 ပထမဆုကို ရရှိခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံက ဒုတိယဆု၊ ဖိလစ်ပိုင်က တတိယဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကလည်း ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာကျင်းပခဲ့တဲ့  နိုင်ငံတကာ ဆန်စပါးညီလာခံနဲ့ ဆန်အ မျိုးအစားများပြပွဲမှာလည်း  မြန်မာပေါ်ဆန်းက  ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award) ဆု ကို ရရှိခဲ့တာကြောင့် အခုတကြိမ်က ဒုတိယအကြိမ် ဆုရရှိခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စ ပါးအ ဖွဲ့ချုပ်-MRF က ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောတယ်။

” ပြိုင်ပွဲ စည်းကမ်းအရ ၄ ၊ ၅ မျိုး ပေးရပါတယ်။ မြန်မာပေါ်ဆန်း (ရွှေဘို)၊ မြန်မာပေါ်ဆန်း (ပုသိမ်)၊ မြန်မာပေါ်ဆန်း (ရေကြည်)၊ မြန်မာပေါ်ဆန်း (မြောင်းမြ) တို့ကိုပေးခဲ့ပြီး၊ အဲဒါကို နိုင်ငံတကာ စားဖိုမှူး တွေက ချက်ပြုတ်ခြင်း၊ အရည်အသွေး၊ အနံ့အရသာ စစ်ဆေးခြင်း ပြုလုပ်ပြီး လျှို့ဝှက်စနစ်နဲ့ စစ် ဆေး / အမှတ်ပေးတာမှာ အမှတ်အများဆုံးရတာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းက ဆန်အုပ်စု နှစ်မျိုးစီ ပါဝင် ယှဉ်ပြိုင်ပြီး တမျိုးကို မျိုးကွဲ ၄–၅ မျိုး ပေးတဲ့အထဲက အမျိုးမျိူး စစ်ဆေးပြီးမှ ရွေးတာပါ။ ဘာစ မာတီလဲ ၄၊ ၅ မျိုး ပေးကြပါတယ်။ ” လို့ MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

အဆိုပါ  နိုင်ငံတကာ ဆန်စပါးညီလာခံနဲ့  ဆက်စပ်ဆွေးနွေးပွဲများ၊ ပြပွဲကို အောက်တိုဘာ ၇ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး၊ အဆိုပါပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်-MRF တို့ဘက်က အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကိုယ်စားလှယ် အဖွဲ့၊  ဆန်ပို့ကုန် ကုမ္ပဏီတွေ  စုစုပေါင်းကိုယ်စားလှယ် (၅၅) ဦး ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံကို ဆန်တိုးမြှင့်တင်ပို့နိုင်ရေး၊ မလေးရှားနိုင်ငံနဲ့  အာဖရိက နိုင်ငံ များကို ဆန်တိုးမြှင့်တင်ပို့နိုင်ရေးတို့ကိုလည်း  ဆွေးနွေးခဲ့ပြီး၊ ပါဝင်တက်ရောက်တဲ့  ကုမ္ပဏီတွေ အနေနဲ့ လည်း  အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရေး ဆွေးနွေးညှိ နှိုင်းနိုင်ခဲ့ကြတယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

လက်ရှိမှာ မြန်မာ့ပေါ်ဆန်း ဆန်အမျိုးအစားကို နိုင်ငံတကာကို လစဥ် တင်ပို့ရောင်းချနေပေမယ့် တင်ပို့မှု နည်းပါးနေသေးပြီး တစ်လမှာ တန်ချိန် ၁,၀၀၀ အောက်သာ တင်ပို့နိုင်တယ်လို့ သိရပါတယ်။

ပြည်တွင်းဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်း၊ ရေကြည်ပေါ်ဆန်း၊ ဧရာဝတီ ပုသိမ်ပေါ်ဆန်း၊ တောင် ပျံပေါ်ဆန်း၊ ကောက်ကြီးပေါ်ဆန်း၊ ပေါ်ဆန်းနယ်စုံ စတဲ့ ဆန်၊ စပါး အမျိုးအစားတွေက စျေးနူန်းမြင့် တက်လာနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.