November 11, 2026

ထိုင်းနိုင်ငံရဲ့ အာဆီယံဒေသတွင်း ဆန်တင်ပို့မှု ၁၀၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာ

The Farmer Times၊ နိုဝင်ဘာ ၁၁၊ ၂၀၂၆

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပထမ ၉ လအတွင်းမှာ ထိုင်းနိုင်ငံကနေ အာဆီယံနိုင်ငံ တွေထံ ဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ် ကာလတူထက် ၁၀၉ ရာခိုင်နှုန်း (တန်ချိန် ၁ဒသမ၂၅ သန်းအထိ) မြင့် တက်လာတယ်လို့ ပြည်ပကုန်သွယ်ရေးဦးစီးဌာနက ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျမှုနဲ့အတူ ရာသီဥတု ဘေးအန္တရာယ်တွေကြောင့် အမျိုးသား အစားအစာ လုံခြုံရေးအတွက် ဆန်ဝယ်ယူမှု သိသိသာသာ မြင့်တက်လာတာက ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုကို အဓိကမြင့်တက်စေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တိုးတက်လာမှုကြောင့် ထိုင်းနိုင်ငံရဲ့ စုစုပေါင်း ဆန်တင်ပို့မှုအနက် အာဆီယံဒေသတွင်း ဈေး ကွက်ဝေစုဟာ ၉ဒသမ၇ ရာခိုင်နှုန်းမှ ၂၅ဒသမ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေထံ ထိုင်းဆန် တင်ပို့မှုဟာ အီရတ် အပါအဝင် အရှေ့အလယ်ပိုင်း ဈေးကွက်တချို့ထံ တင်ပို့မှု လျော့ကျခဲ့တာကို အစားထိုးနိုင်ခဲ့ပြီး၊ တန်ချိန် ၁ဒသမ၂၅ သန်းအထိ နှစ်ဆ နီးပါး ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ စုစုပေါင်း ဆန်တင်ပို့မှုအနက် အာဆီယံဒေသတွင်း စျေးကွက်ဝေစုဟာ ၉ဒသမ၇ ရာခိုင်နှုန်း မှ ၂၅ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ပြည်ပကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Arada Fuangtong က ပြောဆိုထားပါတယ်။

၉ လအတွင်းမှာ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ထံ ထိုင်းဆန် တင်ပို့မှုသည် လွန်ခဲ့သော ၂၀၂၅ ခုနှစ် ကာ လတူထက် စုစုပေါင်း တန်ချိန် ၇၅၀,၀၀၀ ကျော်အထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာ ထိုင်းဆန် တင်ပို့သူတွေအနေနဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခများ၊ ထိုင်းဘတ်ငွေစျေး မြင့်တက်မှု၊ ဈေးနှုန်းပြိုင်ဆိုင်မှုတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုတို့ကြောင့် အခက်အခဲတွေ ကြုံ တွေ့ခဲ့ရပြီး ရာသီဥတုကြောင့် ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ မြင့်တက်ပြီး၊ အရှေ့အလယ်ပိုင်း အပါ အဝင် အဓိကဈေးကွက်တချို့ထံ တင်ပို့မှုလျော့ကျခဲ့တယ်လို့ Mrs. Arada Fuangtong က ရှင်းလင်းပြော ကြားခဲ့ပါတယ်။

၂၀၂၆ ခုနှစ် တတိယသုံးလပတ်မှာ ဖိလစ်ပိုင်နိုင်ငံ၏ စပါးထုတ်လုပ်မှုက ရာသီဥတုအလိုက် ၁၂ဒသ မ၃ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တဲ့အပြင် မလေးရှားနိုင်ငံရဲ့ တစ်နှစ်တာ စပါးအထွက်နှုန်းကလည်း တန်ချိန် ၂ဒသမ၁ သန်းခန့်သာ ရှိမယ်လို့ ခန့်မှန်းတဲ့အတွက် ၎င်းရဲ့ ၅ နှစ်တာ ပျမ်း မျှအထွက်နှုန်းအောက် လျော့နည်းနေတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နဲ့ မလေးရှားတို့ရဲ့ ဆန်ရိက္ခာ ဖြည့်ဆည်းရေး ဦးစားပေး ဆောင်ရွက်ချက်တွေဟာ ထိုင်းဆန် တင်ပို့သူတွေအတွက် ဈေးကွက်နှစ်ခုစလုံးရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်း ကောင်းတွေ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေဟာ ထိုင်းဟုန်းမာလီ (Hom Mali) စံပယ်မွှေးဆန်၊ ပရီမီ ယံ အရည်အသွေးမြင့် ဆန်တွေနဲ့ ကျန်းမာရေးလိုက်စားသူတွေအတွက် သီးသန့်ဆန်မျိုးတွေကို အဓိ က ဝယ်ယူလေ့ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအစိုးရ အနေနဲ့ ဆန်တင်ပို့မှု လွယ်ကူမြန်ဆန်စေဖို့ သင်္ဘောတင်ပို့မှု ကြန့်ကြာမှုတွေကို ဖြေရှင်း ပေးနေပြီး၊ မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ကြန့် ကြာမှုတွေအတွက် ထိုင်းဆန် တန်ချိန် ၃၆,၀၀၀ ကျော်အတွက် အပင်နှင့် တိရစ္ဆာန် ကျန်းမာရေး စိစစ်မှု (SPSIC) ခွင့်ပြုမိန့်အောက်ရှိ သင်္ဘောတင်ပို့တဲ့ ကာလကို သက်တမ်းတိုးပေးဖို့အတွက်လည်း ဖိလစ်ပိုင် အာ ဏာပိုင်တွေထံ ထိုင်းပြည်ပကုန်သွယ်ရေးဦးစီးဌာနက မေတ္တာရပ်ခံထားတယ်လို့ Mrs. Arada Fuangtong က ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ စင်ကာပူနိုင်ငံထံ ၅ နှစ်တာကာလအတွင်း ဆန်တန်ချိန် ၁၀၀,၀၀၀ အထိ ရောင်းချနိုင်မယ့် အစိုးရချင်း (G2G) ပူး ပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအောက်မှာ ဆန်ဝယ်ယူမှုတွေ ပြုလုပ်နိုင်ဖို့အတွက်လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အာဆီယံဒေသတွင်း ထိုင်းဆန်တင်ပို့မှု တိုးတက်လာမှုဟာ ဒေသတွင်းဆန်တင်ပို့တဲ့ နိုင်ငံတွေနဲ့ ဈေး နှုန်းပြိုင်ဆိုင်မှုတွေ ရှိနေပေမယ့် ဝယ်ယူသူတွေရဲ့ ထိုင်းဆန်အပေါ် ယုံကြည်မှုက ဆက်လက်ရှိနေတာကို ပြသနေတာ ဖြစ်တယ်လို့ ပြည်ပကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Arada Fuangtong က ပြောဆိုထားပါတယ်။

REF: The Nation

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.