September 3, 2026

ရွှေဘိုပေါ်ဆန်း တစ်အိတ် သိန်း ၂၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး ဆန်ဈေးနှုန်းများ မြင့်တက်နေ

The Farmer Times၊ မေလ ၁၄ ရက်၊ ၂၀၂၆

အခုရက်ပိုင်း ပြည်တွင်းဆန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်း တစ်အိတ် သိန်း ၂၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး၊ ဆန်ဈေးနှုန်းတွေက အမျိုးအစားအလိုက် မြင့်တက်နေတာကို မြန်မာနိုင်ငံ ဆန်စပါးကုန် သည်များအသင်းရဲ့ မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

စျေးကွက်အတွင်းမှာ ပြည်တွင်းစားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို အနိမ့်ဆုံး ၁,၉၀၅,၀၀၀ ကျပ်ကနေ အရည်အသွေးအပေါ် မူတည်ပြီး ၂,၁၀၀,၀၀၀ ကျပ်အထိ စံချိန်တင် ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

အလားတူ ဧရာဝတီတိုင်းထွက် ဖျာပုံ၊ မြောင်းမြ၊ ကြားပျံဆန်တွေဟာလည်း တစ်အိတ်ကို အမြင့်ဆုံး ၁,၆၀၅,၀၀၀ ကျပ်အထိ ဈေးပေါက်နေတာကို တွေ့ရပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကြမ်းဈေးကွက်မှာတော့ (ရက်-၉၀) ဆန်သစ် တစ်အိတ်ကို ၈၅,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်အကြား ရှိနေပြီး၊ ဇီယာနဲ့ ဧည့်မထ (၁၅%) အကြမ်းဆန်တွေကတော့ တစ်အိတ်ကို ၆၂,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်အထိ ဈေးရှိနေပါတယ်။

အခြားဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ငစိန်နဲ့ သီးထပ်ဆန်တွေဟာလည်း တစ်အိတ်ကို အနိမ့်ဆုံး ၆၀,၀၀၀ ကျပ်ကနေ ၆၂,၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာကို တွေ့ရပါတယ်။

ဖော်ပြထားတဲ့ ဈေးနှုန်းတွေဟာ ကုန်စည်ဒိုင်တွေရဲ့ လက်ကားပေါက်ဈေးတွေသာ ဖြစ်တဲ့အ တွက် ပြင်ပလက်လီဈေးကွက်မှာတော့ အခုထက်ပိုပြီး ဈေးနှုန်းကွာခြားမှုတွေ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန် သည်များအသင်းက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.