September 3, 2026

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေး အနည်းငယ် ပြန်တက်လာ၊ ကြက်သွန်နီဈေး အေးနေ

The Farmer Times၊ မေလ ၁၄ ရက်၊ ၂၀၂၆

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မေလ ၁၃ ရက်နေ့က ဈေးကွက်အတွင်းမှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းတွေ အ နည်းငယ် ပြန်လည်မြင့်တက်လာပြီး၊ ကြက်သွန်နီကတော့ အရောင်းအဝယ်ပါးပြီး စျေးအေးနေတာကို တွေ့ရပါတယ်။

မတ်ပဲ (FAQ/RC) ရဲ့ ပေါက်ဈေးဟာ တစ်တန်ကို ၃,၀၄၅,၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေပြီး၊ကွန်တိန်နာ ၁၀ လုံးစာလောက် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (SQ/RC) ကတော့ တစ် တန်ကို ၃,၃၇၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး၊ ပဲစင်းငုံ (RC) ကတော့ တစ်တန်ကို ၃,၀၁၇,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

ကြက်သွန်နီဈေးကွက်မှာတော့ ဆိပ်ဖြူနဲ့ မုံရွာ ကြက်သွန်နီတွေဟာ အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာကို ၁,၆၅၀ ကျပ်ကနေ ၂,၄၅၀ ကျပ်ဝန်းကျင်မှာပဲ ဈေးငြိမ်နေတာ ဖြစ်ပါတယ်။ မေလ ၁၃ ရက်နေ့ တစ်ရက်တည်းမှာတင် ဆိပ်ဖြူကြက်သွန်နီ ပိဿာချိန် ၇၂,၀၀၀ (ကားစီးရေ ၁၂ စီး) ကုန် စည်ဒိုင်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ရန်ကုန်ဘုရင်နောင် ကုန်စည်ဒိုင်က ဆိုပါတယ်။

အခြားသီးနှံတွေဖြစ်တဲ့ ကြက်သွန်ဖြူ (ရှမ်း) ကတော့ တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ တစ်ပိဿာကို ၁၈,၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာကို တွေ့ရပါတယ်။

ငါးခြောက်ဈေးကွက်မှာတော့ ငါးရံ့ခြောက် (အကြီး) က တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်အထိ ဈေး ပေါက်နေသလို၊ ငါးနီတူခြောက်ကတော့ တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်အကြား ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာလူးဈေးကွက်မှာတော့ အောင်ပန်းအာလူးတွေဟာ အမျိုးအစားအလိုက် တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်အတွင်း အရောင်းအဝယ် ဖြစ်နေပြီး မေလ ၁၃ ရက်နေ့မှာ အာလူး ပိဿာချိန် ၄၈,၀၀၀ (ကားစီးရေ ၈ စီး) ဝင်ရောက်ခဲ့တယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.