, , ,

ပြည်တွင်းဆန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းနှင့် ကြားပျံဆန်များ ဈေးမြင့်မားနေပြီး ဆန်ကြမ်းဈေးတည်ငြိမ်နေ

The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆ အခုရက်ပိုင်းမှာ ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ရှယ်ကြားပျံဆန် အမျိုးအ စားတွေဟာ ဈေးကွက်ထဲမှာ ဈေးအမြင့်ပိုင်းနဲ့ ဆက်လက်အားကောင်းနေတာကို  မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းရဲ့ မေလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။..

The Farmer Timesမေလ ၁၉ ရက်၊ ၂၀၂၆

အခုရက်ပိုင်းမှာ ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ရှယ်ကြားပျံဆန် အမျိုးအ စားတွေဟာ ဈေးကွက်ထဲမှာ ဈေးအမြင့်ပိုင်းနဲ့ ဆက်လက်အားကောင်းနေတာကို  မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းရဲ့ မေလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

စျေးကွက်အတွင်းမှာ ပြည်တွင်းစားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို အနိမ့်ဆုံး ၁၉၅,၀၀၀ ကျပ်ကနေ အရည်အသွေးအပေါ် မူတည်ပြီး ၂၁၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

မြောင်းမြနဲ့ ပုသိမ်ပေါ်ဆန်းကတော့ တစ်အိတ်ကို ၁၄၅,၀၀၀ ကျပ်ကနေ ၁၅၅,၀၀၀ ကျပ်အတွင်း အ ရောင်းအဝယ် ဖြစ်နေပါတယ်။

အလားတူ ဧရာဝတီတိုင်းထွက် ဖျာပုံ၊ မြောင်းမြ၊ ကြားပျံဆန်တွေဟာလည်း တစ်အိတ်ကို အမြင့်ဆုံး ၁၅၅,၀၀၀ ကျပ်ကနေ ၁၆၅,၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးပေါက်နေတာကို တွေ့ရပါတယ်။

 နယ်စုံပေါ်ဆန်းဆန်တွေကတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကျပ်ကနေ ၁၄၀,၀၀၀ ကျပ်အထိ ရှိနေပြီး၊ ဂျုံ ဆန်ကတော့ ၁၀၅,၀၀၀ ကျပ်ကနေ ၁၂၅,၀၀၀ ကျပ်အတွင်း ပေါက်ဈေးရှိနေတာကို တွေ့ရပါတယ်။

တစ်ဖက်မှာလည်း အခြေခံလူထုစားသုံးမှုများပြားတဲ့ ဆန်ကြမ်းဈေးကွက်ကတော့ အတက်အကျ သိပ်မရှိဘဲ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ (ရက်-၉၀) ဆန်ဟောင်းက တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ (ရက်-၉၀) ဆန်သစ်ကတော့ ၈၅,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်အတွင်း ပေါက်စျေး ရှိနေပါတယ်။

ဇီယာဆန်နဲ့ ဧည့်မထ (၁၅%) အကြမ်းဆန်တွေကတော့ တစ်အိတ်ကို ၆၂,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေသလို၊ ငစိန် (ငါးစိန်) နဲ့ သီးပုဆန်တွေကတော့ တစ်အိတ်ကို  ၆၀,၀၀၀ ကျပ်ကနေ ၆၂,၅၀၀ ကျပ်အတွင်း ပေါက်စျေးရှိနေပါတယ်။

ဆန်ကွဲအမျိုးအစားတွေဖြစ်တဲ့ ချော(EX) ကတော့ တစ်အိတ်ကို ၅၂,၀၀၀ ကျပ်ကနေ ၅၈,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပြီး၊  ကြမ်း(EX) ကတော့ တစ်အိတ်ကို ၅၁,၀၀၀ ကျပ်ကနေ ၅၃,၀၀၀ ကျပ်အထိ အ သီးသီး ပေါက်ဈေးရှိနေတာကို တွေ့ရပါတယ်။

အဆိုပါ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းတွေက ကုန်စည်ဒိုင်တွေရဲ့ လက္ကားဈေးကွက် ပေါက်ဈေးနှုန်းတွေသာ ဖြစ်တာကြောင့် ပြင်ပလက်လီဈေးကွက်အတွင်း ဝယ်ယူစားသုံးတဲ့နေရာမှာတော့ မိမိတို့ဒေသအလိုက် သယ်ယူစရိတ်နဲ့ ဆိုင်အခြေအနေပေါ်မူတည်ပြီး အနည်းငယ် ကွာခြားမှုတွေ ရှိနိုင်ပါတယ်။

ဖော်ပြထားတဲ့ ဈေးနှုန်းတွေဟာ ကုန်စည်ဒိုင်တွေရဲ့ လက်ကားပေါက်ဈေးတွေသာ ဖြစ်တဲ့အတွက် ပြင်ပ လက်လီဈေးကွက်မှာတော့ ဒေသအလိုက် သယ်ယူစရိတ်ပို့ဆောင်ရေးစရိတ် အခြေအနေပေါ်မူတည် ကာ အခုထက်ပိုပြီး ဈေးနှုန်းကွာခြားမှုတွေ ရှိနိုင်တယ်လို့  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ပြောဆိုထားပါတယ်။

အခုဖော်ပြထားတဲ့ ဆန်ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ကုန်စည်စီးဆင်းမှု ပေါ်မူတည်ပြီး ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed