, ,

ရုရှားနိုင်ငံမှာကျင်းပနေတဲ့(၁၇) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကိုအာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်သမ္မတနိုင်ငံ၊ ကာဇန်မြို့မှာ မေလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ (၁၇) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ်နဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ ဘဏ္ဍာရေးနှင့်..

The Farmer Timesမေလ ၁၉ ရက်၊ ၂၀၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်သမ္မတနိုင်ငံ၊ ကာဇန်မြို့မှာ မေလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ (၁၇) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ်နဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နဲ့ စက်မှုနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း မေလ ၁၃ ရက်နေ့မှာ မြန်မာပြည်ထောင်စုဝန်ကြီးတွေဟာ ရုရှားစက်မှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယဝန်ကြီး Mr. Roman Chekushov နဲ့ တွေ့ဆုံခဲ့ပြီး အမှတ် (၁) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကိစ္စရပ်တွေ၊ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေနဲ့ MSME လုပ်ငန်း တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြသလို၊ ညနေပိုင်းမှာလည်း Tyazhpromexport Co Ltd (TPE) မှ တာဝန်ရှိသူတွေနဲ့ ပင်းပက်သံမဏိစက်ရုံကိစ္စကိုပဲ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်နေ့မှာတော့ ဒေါက်တာကန်ဇော်က “ကမ္ဘာလုံးဆိုင်ရာ အသွင်ကူးပြောင်းမှု ခေတ်ကုန်ဆုံး ချိန်တွင် စီးပွားရေးလုပ်ငန်းများ လွတ်လပ်ခွင့်နှင့် နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာ အာမခံချက်ရှိ စေရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်တဲ့ အဖွဲ့လိုက်ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကတော့ “အစ္စလာမ်ကမ္ဘာ့နိုင်ငံများတွင် ရုရှားထုတ်ကုန်များ မြှင့်တင်ရေး”  ဆွေး နွေးပွဲတွေကို အသီးသီးတက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တာတာစတန်သမ္မတနိုင်ငံရဲ့ အကြီးအကဲ Mr. Rustam Minnikhanov နဲ့လည်း သီးသန့်တွေ့ ဆုံခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ၂၀၂၂ ခုနှစ်က သဘော တူ လက်မှတ်ရေးထိုးခဲ့တဲ့ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ Alabuga SEZ သို့ လုပ်သား စေလွှတ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး အကျယ်တဝံ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါ တယ်။

မေလ ၁၅ ရက်နေ့မှာတော့ အိုမန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံကာ ရေနံ၊ LNG သဘာဝဓာတ်ငွေ့ ဝယ်ယူရေးကိစ္စတွေနဲ့ မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ သရက်သီး၊ ကော်ဖီနဲ့ ပဲမျိုးစုံတို့ကို အိုမန်နိုင်ငံဘက်သို့ တင်ပို့နိုင်ရေး၊ နှစ်ဦးနှစ်ဖက် စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဖိုရမ်များ ကျင်းပ နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

REF: Ukhrul Times

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed