, , ,

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မဲ့ဘောခီးရွာရှိ အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့နယ်အတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မဲ့ဘောခီးရွာမှာ ခိုလှုံနေတဲ့ အရပ်သားစစ်ဘေးရှောင် ၁ ဦး သေဆုံးသွားခဲ့ရပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မေလ..

The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့နယ်အတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မဲ့ဘောခီးရွာမှာ ခိုလှုံနေတဲ့ အရပ်သားစစ်ဘေးရှောင် ၁ ဦး သေဆုံးသွားခဲ့ရပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မေလ ၁၈ ရက်နေ့မှာ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဖားအံမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်က တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲနဲ့ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဖားအံမြို့နယ်၊ နို့ဘယ်ဘောကျေးရွာအုပ်စု၊ မဲ့ဘောခီးရွာထဲကို Jet Fighter တိုက်လေယာဉ်နဲ့ ဗုံးသီး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ရတဲ့အပြင် စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ KNU က ဆိုပါတယ်။

အခုလို လေကြောင်းရန်ကြောင့် ထိခိုက်ခဲ့ရသူတွေဟာ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ ဘောကျို့လယ်ရွာကနေ စစ်ဘေးတိမ်းရှောင်လာပြီး ဒူးသထူခရိုင် မဲ့ဘောခီးရွာမှာ လာရောက်ခိုလှုံနေကြတဲ့ သားအမိ၊ သားအဖတွေ ဖြစ်ကြပါတယ်။ အဆိုပါ ဗုံးကြဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် နော်ဘာဘူ ဆိုတဲ့ မိန်းကလေးငယ်တစ်ဦး ဗုံးစထိမှန်ကာ သေဆုံးသွားခဲ့ရပါတယ်။

ဒါတင်မကသေးဘဲ အသက် ၄ နှစ်အရွယ် နော်ခုဂေဖော၊ အသက် ၆ နှစ်အရွယ် စောဝင်းဝေါလ်ထူး၊ အသက် ၁၉ နှစ်အရွယ် နော်ဒါးပု၊ အသက် ၃၂ နှစ်အရွယ် စောတာဘီနဲ့ အသက် ၄၂ နှစ်အရွယ် စောစိုးသန်းတို့လည်း ဗုံးသီးစတွေ အသီးသီး ထိမှန်ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြတယ်လို့လည်း KNU က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed