, , ,

(ULA/AA) က ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ HRW က စွပ်စွဲ

The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆ မေလ ၁၈ ရက်နေ့က “အရိုးစုများနှင့် ဦးခေါင်းခွံများ နေရာအနှံ့ ပျံ့ကြဲနေသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ် ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့က..

The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆

မေလ ၁၈ ရက်နေ့က “အရိုးစုများနှင့် ဦးခေါင်းခွံများ နေရာအနှံ့ ပျံ့ကြဲနေသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ် ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဟိုယာသီရိ (မြန်မာအခေါ် – ထန်ရှောက်ခန်) ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကနေ အလံဖြူကိုင်ပြီး ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာရွာသားတွေကို အာရက္ခတပ်တော် (ULA/AA) ရဲဘော်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာလို့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က ထုတ်ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ကလေးငယ် ၉၀ ခန့် အပါအဝင် လူပေါင်း ၁၇၀ ခန့် သေဆုံး တာ (သို့မဟုတ်) ပျောက်ဆုံးခဲ့ပြီး၊ မြေပြင်မှာ အမှန်တကယ် သေဆုံးသူဦးရေက အခုထက်ပိုနိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed