, , , ,

ဆီဆိုင်မြို့နယ်မှာ မိုးကြိုးပစ်ချလို့ နွား ၄၉ ကောင် အစုလိုက်အပြုံလိုက် သေဆုံး

The Farmer Times၊ မေလ ၂၃ ရက်၊ ၂၀၂၆ မေလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ခွဲလောက်မှာ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင် ရွာအနီးမှာ လွှတ်ကျောင်းထားတဲ့ နွားတွေကို ညနေစောင်း ခြံပြန်သွင်းဖို့ လိုက်လံစုဆောင်းနေချိန်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းလာပြီး..

The Farmer Times၊ မေလ ၂၃ ရက်၊ ၂၀၂၆

မေလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ခွဲလောက်မှာ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင် ရွာအနီးမှာ လွှတ်ကျောင်းထားတဲ့ နွားတွေကို ညနေစောင်း ခြံပြန်သွင်းဖို့ လိုက်လံစုဆောင်းနေချိန်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းလာပြီး မိုးကြိုးပါပစ်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတောင်ယာထဲမှာ လွှတ်ကျောင်းထားတဲ့ နွားအကောင်ရေ စုစုပေါင်း ၂၀၀ ဝန်းကျင်လောက်ရှိပြီး၊ အဲ့ဒီ အထဲက နွား ၄၉ ကောင်က မိုးကြိုးတိုက်ရိုက်ထိမှန်ပြီး၊ စက္ကန့်ပိုင်းအတွင်း နေရာမှာတင် လဲကျသေဆုံးခဲ့ ကြတာလို့ နွားကျောင်းသူတွေက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed