July 21, 2026

ရွှေဘိုပေါ်ဆန်းနှင့် ကြားပျံဆန် ဈေးနှုန်းများ အမြင့်ဆုံးမှာ ဆက်လက်ရပ်တည်နေ

The Farmer Times၊ မေလ ၂၂ ရက်၊ ၂၀၂၆

အခုရက်ပိုင်း ဈေးကွက်ထဲမှာ ဆန်အမျိုးအစားအလိုက် လက္ကားပေါက်ဈေးနှုန်းတွေက သိသိသာသာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး၊ ရှေဘိုပေါ်ဆန်းနဲ့ ဖျာပုံ/မြောင်းမြ ကြားပျံဆန်တွေကတော့ ဈေးအ မြင့်နဲ့ ဆက်လက်ရပ်တည်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း(MRPTA) ရဲ့ မေလ ၂၂ ရက်နေ့ စျေးနှုန်းထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။

ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ချောအမျိုးအစား ရွှေဘိုပေါ်ဆန်းကတော့ အမြင့်ဆုံးစျေးနဲ့ ဈေးကွက်ကို ဆက်လက်ဦးဆောင်နေပြီး၊ လက္ကားဈေးကွက်မှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၉၅,၀၀၀ ကျပ်ကနေ ၂၁၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။

ဖျာပုံ/မြောင်းမြကြားပျံဆန် အမျိုးအစားတွေကတော့ တစ်အိတ်ကို ၁၅၅,၀၀၀ ကျပ်ကနေ ၁၆၅,၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေပါတယ်။

ဒေသစုံ ကြားပျံဆန်တွေကတော့ တစ်အိတ်ကို အမြင့်ဆုံး ၁၅၅,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိပြီး၊ မြောင်း မြ/ပုသိမ် ပေါ်ဆန်းတွေကတော့ တစ်အိတ်ကို အမြင့်ဆုံး ၁၅၂,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပါတယ်။ ဒေ သစုံပေါ်ဆန်း ဆန်အမျိုးအစားတွေကတော့ အမြင့်ဆုံး ၁၃၈,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါတယ်။

အခြေခံလူတန်းစားတွေ အများဆုံး စားသုံးတဲ့ ဧည့်မထ၊ ငစိန်နဲ့ သီးပုဆန်တွေကတော့ ၆ တစ်အိတ်ကို သောင်းဝန်းကျင်စျေးဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ မုန့်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဆန်ကြမ်းနှင့် သာမန်ဆန်လတ် အမျိုးအစားတွေကတော့ ဈေးနှုန်းတည်ငြိမ်မှု ရှိနေတာကို တွေ့ရပါတယ်။

ဧည့်မထ(၁၅%) အကြမ်းဆန်နဲ့ ဇီယာဆန်တွေကတော့ တစ်အိတ်ကို ၆၂,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ် အတွင်း အရောင်းအဝယ် ရှိနေပါတယ်။

ငစိန် (ငစိန် ၅ မှတ်)နဲ့ သီးပုဆန်တွေကတော့ တစ်အိတ်ကို ၆၀,၀၀၀ ကျပ်ကနေ ၆၂,၅၀၀ ကျပ်စျေးဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။

ပြည်ပပို့ကုန်အဆင့် သတ်မှတ်ချက်ရှိတဲ့ ဧရာမင်း(EX) ကတော့ တစ်အိတ်ကိုအမြင့်ဆုံးစျေး ၅၈,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိပြီး၊ ဆန်ကြမ်း(EX) အမျိုးအစားတွေကတော့ တစ်အိတ်ကို ၅၃,၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း အနိမ့်ဆုံးနှုန်းထားဖြင့် ရပ်တည်နေပါတယ်။

လက်ရှိ မိုးစပါးစိုက်ပျိုးရာသီအစမှာ ပြည်တွင်းဆန်လက္ကားဈေးကွက်ဟာ သိသိသာသာ လှုပ်ခတ်မှုမရှိ၊ တည်ငြိမ်နေပေမယ့် သွင်းအားစုစရိတ် ကြီးမြင့်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်တွေကြောင့် လာမယ့်လတွေအတွင်း ပြင်ပလက်လီဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ အနည်းငယ် ပြောင်းလဲလှုပ်ခတ်မှု ရှိလာနိုင်တဲ့အတွက် တောင်သူတွေနဲ့ စားသုံးသူမိဘပြည်သူများအနေဖြင့် ဈေးကွက်အခြေအနေကို ဆက်လက်စောင့်ကြည့်ကြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း(MRPTA) က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.