မြိုင်မြို့နယ်ရှိ ပျူစောထီးစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ကာ ဓားစာခံပြည်သူ ၄၉ ဦးကို ကယ်ထုတ်

The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးစခန်းကို ပြည် သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းအင်အားစုတွေက “တမာမြေစစ်ဆင်ရေး” အ မည်နဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၂၃ ရက်၊ နံနက် ၆..

The Farmer Times၊ မေလ ၂၅ ရက်၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးစခန်းကို ပြည် သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းအင်အားစုတွေက “တမာမြေစစ်ဆင်ရေး” အ မည်နဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၂၃ ရက်၊ နံနက် ၆ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဓားစာခံပြည်သူ ၄၉ ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ် ရေးတပ်မတော် (Magway PDF) က မေလ ၁၅ ရက် (ယနေ့မှာ) ထုတ်ပြန်ထားပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို မေလ ၂၂ ရက်၊ နံနက် ၅ နာရီအချိန်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်း တိုက် ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ ထက်မနည်း လာရောက်ဗုံး ကြဲတိုက်ခိုက်နေတဲ့ကြားက မေလ ၂၃ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကနေ ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ၆ လက်၊ လက်လုပ်သေနတ် ၁ လက်နဲ့ အခြား လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ (Magway PDF) ထုတ်ပြန်ထားပါတယ်။

အဆိုပါ သရက်ကန်ပျူစောထီးစခန်းဟာ အာဏာသိမ်းပြီးနောက် အစောဆုံး အထိုင်ချခဲ့တဲ့ စခန်းဖြစ်ပြီး၊ အနီးအနားက ဒေသခံပြည်သူတွေအနေနဲ့ သရက်ကန်ပျူစောထီးတွေရဲ့ ဖိနှိပ်မှုကို ၅ နှစ်စာလောက် အ လူးအလဲ ခံခဲ့ရတယ်လို့ ဒေသခံ PDF တပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

ယခုဖော်ဆောင်ခဲ့တဲ့ “တမာမြေစစ်ဆင်ရေး” ကို မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် (၂/၆/၇/၁၄/၁၇) တပ်ရင်းများ အပါအဝင် ကျောင်းသားတပ်မ တော်(ABSDF)၊ မကွေးဖက် ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း-၁ (MFUDC-1)၊ KG တပ်ဖွဲ့နဲ့ ပခုက္ကူ ခရိုင်စစ်ဌာန (ဒရုန်းတပ်ဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ အညာမြေတပ် ပေါင်းစု၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄၊ ပြည်သူ့လုံခြုံရေးအင်အားစု (ကမ္မ) တို့အပါအဝင် မြိုင်ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ (ဂဠုန်၊ JOKER၊ GOOD BROTHER၊ TYK၊ JRF၊ စကြာ်၊ ဝံပုလွေ)၊ တပ် ရင်းဆေးတပ်ဖွဲ့၊ မြို့နယ်ဆေးတပ်ဖွဲ့၊ မြိုင်မြို့နယ်တောင်ပိုင်းဇုန် (ပအဖ၊ ပကဖ) နဲ့ မကွေးဖက်ဒရယ် ယူနစ် ကာကွယ်ရေးဝန်ကြီး၏ ပူးပေါင်းကူညီမှုကိုလည်း ရရှိခဲ့တယ်လို့ (Magway PDF) ထုတ်ပြန်ထားပါတယ်။

လက်ရှိ သရက်ကန်ကျေးရွာအတွင်း ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေက အိမ်ပေါက်စေ့နှင့် လမ်း တိုင်းစေ့ တိုက်မိုင်း၊ နင်းမိုင်းများကို ထောင်ထားခဲ့ပြီး၊ ဒေသတွင်း စစ်ရေးအခြေအနေ ဆက် လက်ပြင်း ထန်လာနိုင်တဲ့အပြင် မိုင်းအန္တရာယ် အလွန်ကြီးမားနေတာကြောင့် ပြည်သူတွေ အနေနဲ့ သရက်ကန်ကျေး ရွာအတွင်းသို့ စွန့်စားဝင်ထွက်သွားလာခြင်းများ (လုံးဝ) မပြုလုပ်ကြဖို့ (Magway PDF) အထူးအသိပေး ထားပါတယ်။

“တမာမြေစစ်ဆင်ရေး” အတွင်း အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူး၊ တပ်သားတွေကို လည်း မကွေး PDF က မှတ်တမ်းတင်ဂုဏ်ပြုထားပြီး၊ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေအတွက် စစ်အာဏာရှင်စနစ် ပျက်သုန်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကတိပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed