The Farmer Times၊ မေလ ၂၇ ရက်၊ ၂၀၂၆
လက်ရှိမှာ အာဏာသိမ်းစစ်တပ်က မောတောင်မြို့ပေါ်က ကုန်သည်တွေနဲ့ ဒေသခံပြည်သူတွေကို ဖမ်း ဆီးစစ်ဆေးမှုတွေလည်း ပြုလုပ်နေတဲ့ အခြေအနေတွေကြောင့် ကုန်စည်စီးဆင်းပြီး အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်ဖို့က လချီကြာမြင့်နိုင်တယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တနင်္သာရီ-မောတောင်လမ်းတစ်လျှောက်ရှိ ချောင်းနား ပေါက်၊ သိက္ခော၊ သဲဖြူ၊ အထက်ကွမ်းသီးတော၊ အရှေ့ကမ်း၊ ညောင်ပင်ကွင်း၊ ဘန်လော့နဲ့ မောတောင်ငယ်ရွာတွေ အပါ အဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပြီး၊ လက် ရှိမှာလည်း စစ်ကောင်စီတပ်က မောတောင်မြို့တွင်းမှာ လုံခြုံရေ တင်းကျပ်ထားပြီး ပြည်သူတွေကို စစ်ဆေးဖမ်း ဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံအချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်းနယ်စပ်ဂိတ်နဲ့ ထိစပ်နေတဲ့ မောတောင်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးမှာ အ ရေးပါသလို၊ ယ ခင် ၁၉၉၀ ပြည့်နှစ် မတိုင်ခင်က KNU တနင်္သာရီမြို့နယ်ရဲ့ ဌာနချုပ်အဖြစ် ရုံး စိုက်ခဲ့ပြီး စစ်တပ်ထိုးစစ်ကြောင့် လက် လွှတ်ခဲ့ရဖူးတဲ့ သမိုင်းဝင်နေရာလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာ- ထိုင်း နယ်စပ်မှာ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနဲ့ မောတောင်ဆိုပြီး နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးစခန်း စုစုပေါင်း ၆ ခုရှိတယ်လို့ သိရပါတယ်။














