July 21, 2026

ကျိုက်ထိုမြို့ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ အပြစ်မဲ့ပြည်သူ အမျိုးသမီး (၃) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

The Farmer Times၊ မေလ ၂၆ ရက်၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်က ကျိုက်ထိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ အရပ်သား ပြည်သူအ မျိုးသမီး (၃) ဦး သေဆုံးပြီး၊ (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မေလ (၂၅) ရက်နေ့မှာ KNU – ဒူးပလာ ယာခ ရိုင်က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျိုက်ထိုမြို့အ ဝင်တံတားရဲ့ တစ်ဖက်ကမ်း နို့တကောမြို့နယ်အတွင်းရှိ ပြည်သူနေအိမ်များကို အာဏာသိမ်းအကြမ်း ဖက်အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မေလ (၂၄) ရက်၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အ တွင်း၌ Jet Fighter တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၃) ဦး ထိမှန်သေဆုံးခဲ့ပြီး၊ အသက် (၁၆) နှစ် အရွယ် မိန်းကလေးတစ်ဦး အပါအဝင် (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ပြည်သူပိုင် လူနေအိမ် (၂) လုံး နဲ့ အိမ်စီးကား (၁) စီးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတယ်လို့ KNU က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.