July 21, 2026

တရုတ်ကုန်သည်တွေ စျေးနှိမ်ဝယ်ယူလို့ အရှုံးကြီးပြီး ဒုက္ခရောက်နေတယ်လို့ ဖရဲစိုက်တောင်သူများ ပြော

The Farmer Times၊ မေလ ၂၈ ရက်၊ ၂၀၂၆

ပြီးခဲ့တဲ့နှစ် ဖရဲ၊ သခွားမွှေး စိုက်ပျိုးရာသီမှာ ကုန်ကျစရိတ် မြင့်တက်ခဲ့တဲ့အပြင် တရုတ်အသီးအရောင်းကွင်းများထိရောက်အောင် သယ်ယူပို့ဆောင်ရတဲ့ စရိတ်တွေ အဆမတန် မြင့်တက်ခဲ့ပေမယ့် တရုတ်ကုန်သည်တွေက စျေးနှိမ်ဝယ်ယူတာကြောင့် တောင်သူတွေရော၊ ကုန်သည်တွေပါ အရှုံးပေါ်ခဲ့ရတာ ဖြစ်ပါတယ်။

ဖရဲသခွား ရာသီစတင်ချိန် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က တရုတ်တာလော့ သစ်သီးအရောင်း ကွင်းမှာ 855 ဖရဲသီးက အစီးပြတ်စျေး ဖရဲကားတစ်စီးကို တရုတ်ယွမ်ငွေ ၆၀,၀၀၀ ကနေ ၈၀,၀၀၀ အ ထိ ပေါက်စျေးရှိခဲ့ပြီး၊ ဧပြီလမှာတော့ ဖရဲကားတစ်စီးကို တရုတ်ယွမ်ငွေ ၂၅,၀၀၀ ကနေ ၄၀,၀၀၀ လောက်အထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

သခွားမွှေးကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တစ်ကီလိုကို ၅ ယွမ်ကနေ ၆ ယွမ်လောက်ထိ ပေါက်စျေးရှိ ခဲ့ပြီး၊ ဧပြီလမှာတော့ တစ်ကီလိုကို ၃ ယွမ်ကျော်ကနေ ၄ ယွမ်ကျော်ထိ စျေးကျဆင်းခဲ့တာကို တွေ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.