, , , ,

ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်ချော၊ ဆန်ကြမ်းအားလုံး အရောင်းအဝယ်အေးပြီး ဈေးတည်ငြိမ်နေ

The Farmer Times၊ မေလ ၂၈ ရက်၊ ၂၀၂၆ အခုရက်ပိုင်း ပြည်တွင်းဆန်လက္ကား ဈေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း အပါအဝင် အရည်အသွေးမြင့် ဆန်ချောအုပ်စုဝင် ဆန်အမျိုးအစားတွေနဲ့ ဇီယာ၊ ဧည့်မထ စတဲ့အခြေခံဆန်ကြမ်း ဈေးနှုန်းများ ထပ်မံမြင့်တက်ခြင်းမရှိဘဲ အရောင်းအဝယ် တည်ငြိမ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန် သည်များအသင်း..

The Farmer Times၊ မေလ ၂၈ ရက်၊ ၂၀၂၆

အခုရက်ပိုင်း ပြည်တွင်းဆန်လက္ကား ဈေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း အပါအဝင် အရည်အသွေးမြင့် ဆန်ချောအုပ်စုဝင် ဆန်အမျိုးအစားတွေနဲ့ ဇီယာ၊ ဧည့်မထ စတဲ့အခြေခံဆန်ကြမ်း ဈေးနှုန်းများ ထပ်မံမြင့်တက်ခြင်းမရှိဘဲ အရောင်းအဝယ် တည်ငြိမ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန် သည်များအသင်း (MRPTA) ရဲ့ မေလ ၂၇ ရက်နေ့ စျေးနှုန်းထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

အခုရက်ပိုင်း စျေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း အပါအဝင် ပေါ်ဆန်းနဲ့ ကြားပျံဆန်ချော ဈေးတွေက ပြီးခဲ့တဲ့အပတ် သောကြာနေ့ပေါက်ဈေးအတိုင်း ဈေးနှုန်းအတက်အကျမရှိ တည်ငြိမ်နေပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် လက္ကားဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို အနိမ့်ဆုံး ၁၉၅,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၁၀,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအမြင့်ဆုံးမှာ ဆက်ရှိနေပါတယ်။

ဖျာပုံ၊ မြောင်းမြ ကြားပျံအုပ်စုဝင် ဆန်အမျိုးအစားတွေက တစ်အိတ်ကို အနိမ့်ဆုံးစျေး ၁၅၅,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၆၅,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး၊ ဒေသစုံကြားပျံဆန်ကတော့ တစ်အိတ်ကို အမြင့်ဆုံးစျေး ၁၅၅,၀၀၀ ကျပ်မှာ ရှိနေပါတယ်။

မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်တွေကတော့ တစ်အိတ်ကို အနိမ့်ဆုံးစျေး ၁၄၅,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၅၂,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပြီး၊ ဒေသစုံပေါ်ဆန်းအုပ်စုဝင် ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို အမြင့်ဆုံးစျေး ၁၃၈,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေတာကို တွေ့ရပါတယ်။

အခြေခံလူတန်းစားတွေ စားသုံးမှုများတဲ့ ဇီယာနဲ့ ဧည့်မထဆန် အမျိုးအစားတွေကတော့ ဈေးနှုန်းအမြင့်ဆုံးမှာ ဆက်လက်တည်ငြိမ်နေပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်အိတ်ကို ငွေကျပ် ၃,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့တဲ့ အခြေခံ စားသုံးဆန်တွေနဲ့ ဆန်ကြမ်း အမျိုးအစားတွေဟာ အခုဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဈေးထပ်မတက်ဘဲ တည်ငြိမ်နေပါတယ်။

ဆန်ကြမ်းအုပ်စုဝင် ဇီယာနဲ့ ဧည့်မထ(၁၅%) ဆန်အမျိုးအစားတွေကတော့ လက္ကားဈေးကွက်အတွင်းမှာ တစ်အိတ်ကို အနိမ့်ဆုံးစျေး ၆၄,၀၀၀ ကျပ်ကနေ အမြင့်ဆုံးစျေး ၆၈,၀၀၀ ကျပ်စျေးဖြင့် ဈေးနှုန်းတည်ငြိမ်နေပါတယ်။

အခြေခံမုန့်လုပ်ငန်းသုံး ငစိန်နဲ့ သီးပုဆန်တွေကတော့ တစ်အိတ်ကို အနိမ့်ဆုံးစျေး ၆၁,၀၀၀ ကျပ်ကနေ အမြင့်ဆုံးစျေး ၆၃,၀၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေပါတယ်။

ပြည်ပပို့ကုန်အဆင့်ရှိတဲ့ ဆန်ချော(EX) က တစ်အိတ်ကို အမြင့်ဆုံးစျေး ၅၈,၀၀၀ ကျပ် ပေါက်စျေးရှိ နေပြီး၊ ဆန်ကြမ်း(EX) ကတော့ တစ်အိတ်ကို အမြင့်ဆုံးစျေး ၅၃,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ကုန်စည်ဒိုင်တွေမှာ ဈေးနှုန်းတည်ငြိမ်နေပေမယ့် ပြင်ပလက်လီ ဈေးကွက်အတွင်းမှာတော့ ဒေသအ လိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ ဆိုင်စရိတ်တွေကြောင့် ဈေးနှုန်းအနည်းငယ် ကွာခြားမှုတွေ ရှိနေနိုင်တယ်လို့ ဆန်ကုန် သည်တွေက ပြောဆိုထားပါတယ်။

လက်ရှိ မိုးစပါးစိုက်ပျိုးရာသီအစမှာ ပြည်တွင်းဆန်လက္ကားဈေးကွက်ဟာ သိသိသာသာ လှုပ်ခတ်မှုမရှိ၊ တည်ငြိမ်နေပေမယ့် သွင်းအားစုစရိတ် ကြီး မြင့်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်တွေကြောင့် လာမယ့်လတွေအတွင်း ပြင်ပလက်လီဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ အနည်းငယ် ပြောင်းလဲလှုပ်ခတ်မှု ရှိလာနိုင်တဲ့အတွက် တောင်သူတွေနဲ့ စားသုံးသူမိဘပြည်သူများအနေဖြင့် ဈေးကွက်အခြေအနေကို ဆက်လက်စောင့်ကြည့်ကြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း (MRPTA) က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed