, , , ,

ULA/AA က ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်ဖို့ မင်းပြားခရိုင်မှာ ဒီရေတောထိန်းသိမ်းရေး ဗျူးခြေထောက်ပင်များ စတင်စိုက်ပျိုး

The Farmer Times၊ မေလ ၃၀ ရက်၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သစ်တောဌာနက မင်းပြားခရိုင်အတွင်း၌ ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန်ထားပါတယ်။ အခုလို လုပ်ဆောင်ရတာက..

The Farmer Times၊ မေလ ၃၀ ရက်၊ ၂၀၂၆

ရခိုင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သစ်တောဌာနက မင်းပြားခရိုင်အတွင်း၌ ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန်ထားပါတယ်။

အခုလို လုပ်ဆောင်ရတာက ရခိုင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ ရာ သီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ULA/AA က ဆိုပါတယ်။

လတ်တလောမှာ မင်းပြားခရိုင်အတွင်းရှိ ဒီရေတော ပျက်စီးမှုအများဆုံး ကြုံတွေ့နေရတဲ့ ကမ်းစပ်ကျေးရွာတွေကိုနဲ့ ဒီရေတောပျက်စီးမှု အများအပြား ရှိနေတဲ့ ကမ်းစပ်ဒေသတွေကို ရွေးချယ်ပြီး ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းဒေသတွေဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် မုန်တိုင်းဒဏ်နဲ့ သဘာဝဘေး အန္တရာယ်တွေကို နှစ်စဉ်ပြင်းထန်စွာ ခံစားနေရတဲ့ ဒေသတွေ ဖြစ်ပါတယ်။

ကမ်းစပ်ဒေသများတွင် ဒီရေတောနဲ့ ဗျူးခြေထောက်ပင်များ ပြန်လည်စိုက်ပျိုးထိန်းသိမ်းမှုဟာ ကမ်းပြိုမှုကို ကာကွယ်ပေးနိုင်ရုံသာမက၊ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူတွေ အတွက်ပါ ရေနေသတ္တဝါများ ခိုလှုံပေါက်ဖွားရာ ဂေဟစနစ်ကောင်းကို ပြန်လည်ရရှိစေနိုင်မှာဖြစ်လို့ အလွန်ကောင်းမွန်တဲ့ ကနဦးခြေလှမ်းတစ်ခု ဖြစ်တယ်လို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed