The Farmer Times၊ မေလ ၃၁ ရက်၊ ၂၀၂၆
အခုရက်ပိုင်း ပြည်တွင်းဆန်လက္ကားဈေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း အပါအဝင် အရည်အသွေးမြင့် ဆန်ချောအုပ်စုဝင် ဆန်အမျိုးအစားတွေနဲ့ ဇီယာ၊ ဧည့်မထ စတဲ့ အခြေခံစားသုံးဆန်တွေပါ ရက်ပိုင်း အတွင်း ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာခြင်း မရှိဘဲ တည်ငြိမ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန် သည်များအသင်း (MRPTA) မေလ ၂၉ ရက်နေ့ စျေးနှုန်းထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
ဈေးကွက်အတွင်း ဝယ်လိုအားပုံမှန်ရှိနေတဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ကြားပျံဆန်ချော အမျိုးအစားတွေက အခု တစ်ပတ်လုံးမှာ ဈေးအပြောင်းအလဲမရှိဘဲ ဆက်လက်ငြိမ်သက်နေပါတယ်။
ရွှေဘိုပေါ်ဆန်က လက္ကားဈေးကွက်အတွင်းမှာ တစ်အိတ်ကို ၁၉၅,၀၀၀ ကျပ်ကနေ ၂၁၀,၀၀၀ ကျပ်စျေး ဖြင့် ဈေးနှုန်းအမြင့်ဆုံးမှာ ရပ်တည်နေပါတယ်။
ဖျာပုံ/မြောင်းမြ ကြားပျံဆန်တွေက တစ်အိတ်ကို ၁၅၅,၀၀၀ ကျပ်ကနေ ၁၆၅,၀၀၀ ကျပ်ပေါက်ဈေးရှိ နေပြီး၊ ဒေသစုံကြားပျံဆန်တွေကတော့ တစ်အိတ်ကို အမြင့်ဆုံး ၁၅၅,၀၀၀ ကျပ် စျေးပေါက်နေပါ တယ်။
မြောင်းမြ/ပုသိမ်ပေါ်ဆန်းကတော့ တစ်အိတ်ကို ၁၄၅,၀၀၀ ကျပ်ကနေ ၁၅၂,၀၀၀ ကျပ်ထိ ပေါက်စျေးရှိ နေပြီး၊ ဒေသစုံပေါ်ဆန်းတွေကတော့ တစ်အိတ်ကို ၁၃၈,၀၀၀ ကျပ် စျေးရှိနေပါတယ်။
ခွန်နီဆန်ကတော့ တစ်အိတ်ကို အနိမ့်ဆုံး ၁၀၅,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၂၀,၀၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
လူထုစားသုံးမှုများတဲ့ အခြေခံစားသုံးဆန်တွေနဲ့ မုန့်လုပ်ငန်းသုံး ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ ရက်-၉၀၊ ဇီယာနဲ့ ဧည့်မထဆန်တွေကတော့ ဈေးနှုန်းတည်ငြိမ်နေတာကို တွေ့ရပါတယ်။
ရက်-၉၀ ဆန်ဟောင်းကတော့ တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်စျေးဖြင့် တည်ငြိမ်နေပြီး၊ ဆန်သစ်ကတော့ တစ်အိတ်ကို ၈၂,၀၀၀ ကျပ်ကနေ ၈၇,၀၀၀ ကျပ်အတွင်း ပေါက်စျေးရှိနေပါတယ်။
ဇီယာ၊ ဧည့်မထ (၁၅%) ဆန်ကြမ်းတွေကတော့ လက္ကားဈေးကွက်အတွင်းမှာ တစ်အိတ်ကို ၆၄,၀၀၀ ကျပ်ကနေ ၆၈,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။
အခြေခံမုန့်လုပ်ငန်းသုံး ငစိန်နဲ့ သီးပုဆန်တွေကလည်း တစ်အိတ်ကို အနိမ့်ဆုံး ၆၁,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၆၃,၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိနေပါတယ်။
ပြည်ပပို့ကုန်အဆင့်ရှိတဲ့ ဆန်ချော (EX) က အမြင့်ဆုံး ၅၈,၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ ဆန်ကြမ်း (EX) ကတော့ တစ်အိတ်ကို ၅၃,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ကုန်စည်ဒိုင်တွေမှာ ဈေးနှုန်းတည်ငြိမ်နေပေမယ့် ပြင်ပလက်လီ ဈေးကွက်အတွင်းမှာတော့ ဒေသအ လိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ ဆိုင်စရိတ်တွေကြောင့် ဈေးနှုန်းအနည်းငယ် ကွာခြားမှုတွေ ရှိနေနိုင် တယ်လို့ ဆန်ကုန်သည်တွေက ပြောဆိုထားပါတယ်။
လက်ရှိ မိုးစပါးစိုက်ပျိုးရာသီအစမှာ ပြည်တွင်းဆန်လက္ကားဈေးကွက်ဟာ သိသိသာသာ လှုပ်ခတ်မှုမရှိ၊ တည်ငြိမ်နေပေမယ့် သွင်းအားစုစရိတ် ကြီးမြင့်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်တွေကြောင့် လာမယ့်လတွေအတွင်း ပြင်ပလက်လီဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ ပြောင်းလဲလှုပ်ခတ်မှု ရှိလာနိုင်တဲ့ အတွက် တောင်သူတွေနဲ့ စားသုံးသူပြည်သူတွေအနေနဲ့ ဈေးကွက်အခြေအနေကို ဆက်လက်စောင့် ကြည့်ကြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း(MRPTA) က အသိပေးထားပါတယ်။














