The Farmer Times၊ ဇွန်လ ၂ ရက်၊ ၂၀၂၆
လက္ကားဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၉၅,၀၀၀ ကျပ်ကနေ ၂၁၀,၀၀၀ ကျပ်ဖြင့် အမြင့်ဆုံးပေါက်ဈေးအတိုင်း ဆက်ရှိနေပါတယ်။
ဇီယာနဲ့ ဧည့်မထ (၁၅%) အကြမ်က မေလ ၂၉ ရက်နေ့က တစ်အိတ်ကို ၆၈,၀၀၀ ကျပ်စျေး ရှိရာကနေ ဇွန်လ ၁ ရက်နေ့မှာတော့ တစ်အိတ်ကို ၆၆,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပြီး၊ တစ် အိတ်ကို ၂,၀၀၀ ကျပ်ခန့် မြင့်တက်လာပါတယ်။
ပို့ကုန်အဆင့် (EX) ဆန်ကြမ်းကတော့ ပြည်ပပို့ကုန်အဆင့်ရှိ ဆန်ကြမ်း (EX) အမျိုးအစားက မေလ ၂၉ ရက်နေ့က ၅၃,၀၀၀ ကျပ်ရှိရာကနေ ဇွန်လ ၁ ရက်နေ့မှာတော့ တစ်အိတ်ကို ၅၄,၀၀၀ ကျပ်ထိ ရောက်ရှိ လာပြီး၊ တစ်အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ချော (EX) ကတော့ တစ်အိတ်ကို ၅၈,၀၀၀ ကျပ်စျေးဖြင့် တည်ငြိမ်နေပါတယ်။
ယခုကာလဟာ မိုးစပါးစိုက်ပျိုးရာသီအစဖြစ်ပြီး ဆန်အဟောင်းလက်ကျန် လျော့ နည်းလာချိန်ဖြစ် တာကြောင့် အခြေခံဆန်ကြမ်းဈေးကွက်ကို ဝယ်လိုအား ပိုမိုဦးတည်လာနိုင်ပြီး၊ ဆန်ဈေးနှုန်းတွေက ဆက်လက်လှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် တောင်သူတွေ၊ စားသုံးသူပြည်သူတွေအနေနဲ့ ဈေးကွက်အခြေ အနေကို ဆက်လက်စောင့်ကြည့်ကြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း (MRPTA) က အသိပေးထားပါတယ်။














