The Farmer Times၊ ဇွန်လ ၂ ရက်၊ ၂၀၂၆
မိုးစပါး စိုက်ပျိုးရာသီအစ စျေးကွက်ထဲ ဆန်အဟောင်းလက်ကျန် လျော့နည်းလာချိန်၊ ဆန်ကြမ်းဝယ်လိုအား မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ပြောဆိုလိုက် ပါတယ်။
အခုရက်ပိုင်း ပြည်တွင်းဆန်လက္ကား ဈေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း အပါအဝင် အရည် အသွေးမြင့် ဆန်ချောအုပ်စုဝင် ဆန်အမျိုးအစားတွေက ဈေးတည်ငြိမ်နေပေမယ့်၊ ဇီယာ၊ ဧည့်မထ၊ ငစိန် စတဲ့ ဆန် ကြမ်းအုပ်စုတွေကတော့ ပြီးခဲ့တဲ့အပတ် ပေါက်စျေးနဲ့ နှိုင်းယှဉ်ရင် တစ်အိတ်ကို ၂,၀၀၀ ကျပ်လောက် မြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (MRPTA) ရဲ့ ဇွန်လ ၁ ရက်နေ့ စျေးနှုန်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
ဈေးကွက်အတွင်း ဝယ်လိုအားပုံမှန်ရှိနေတဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ကြားပျံဆန်ချော အမျိုးအစားတွေက အခု တစ်ပတ်လုံးမှာ ဈေးအပြောင်းအလဲမရှိဘဲ ပြီးခဲ့တဲ့အပတ်အတိုင်း စျေးငြိမ်နေပါတယ်။
လက္ကားဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၉၅,၀၀၀ ကျပ်ကနေ ၂၁၀,၀၀၀ ကျပ်ဖြင့် အ မြင့်ဆုံးပေါက်ဈေးအတိုင်း ဆက်ရှိနေပါတယ်။
ဖျာပုံ/မြောင်းမြ ကြားပျံဆန်တွေကတော့ တစ်အိတ်ကို ၁၅၅,၀၀၀ ကျပ်ကနေ ၁၆၅,၀၀၀ ကျပ် ပေါက် ဈေးရှိနေပြီး၊ ဒေသစုံကြားပျံဆန်တွေကတော့ တစ်အိတ်ကို ၁၅၅,၀၀၀ ကျပ်လောက် ပေါက်စျေးရှိနေ ပါတယ်။
မြောင်းမြ/ပုသိမ် ပေါ်ဆန်းက တစ်အိတ်ကို ၁၄၀,၀၀၀ ကျပ်ကနေ ၁၅၂,၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ ဒေသစုံပေါ်ဆန်းကတော့ တစ်အိတ်ကို ၁၃၈,၀၀၀ ကျပ် ပေါက်စျေးရှိနေပါတယ်။
ခွန်နီဆန်က တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်ကတေ ၁၂၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ဇီယာ၊ ဧည့်မထနှင့် ငစိန် စတဲ့ ဆန်ကြမ်းအမျိုးအစားတွေတော့ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ ပေါက် ဈေးတွေနဲ့ နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် လှုပ်ခတ်လာတာကို တွေ့ရပါတယ်။
ဇီယာနဲ့ ဧည့်မထ (၁၅%) အကြမ်က မေလ ၂၉ ရက်နေ့က တစ်အိတ်ကို ၆၈,၀၀၀ ကျပ်စျေး ရှိရာကနေ ဇွန်လ ၁ ရက်နေ့မှာတော့ တစ်အိတ်ကို ၆၆,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပြီး၊ တစ် အိတ်ကို ၂,၀၀၀ ကျပ်ခန့် မြင့်တက်လာပါတယ်။
ငစိန်နဲ့ သီးပုဆန်တွေကတော့ မေလ ၂၉ ရက်နေ့က တစ်အိတ်ကို ၆၃,၀၀၀ ကျပ်သာရှိရာကနေ ဇွန်လ ၁ ရက်နေ့မှာတော့ တစ်အိတ်ကို ၆၃,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်ထိ ရောက်ရှိလာပြီး၊ တစ်အိတ်ကို ၂,၀၀၀ ကျပ်ခန့် ဈေးတက်လာပါတယ်။
ရက်-၉၀ ဆန်ဟောင်းကတော့ တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ ဆန်သစ်ကတော့ တစ် အိတ်ကို ၈၂,၀၀၀ ကျပ်ကနေ ၈၇,၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ ဈေးငြိမ်နေပါတယ်။
ပို့ကုန်အဆင့် (EX) ဆန်ကြမ်းကတော့ ပြည်ပပို့ကုန်အဆင့်ရှိ ဆန်ကြမ်း (EX) အမျိုးအစားက မေလ ၂၉ ရက်နေ့က ၅၃,၀၀၀ ကျပ်ရှိရာကနေ ဇွန်လ ၁ ရက်နေ့မှာတော့ တစ်အိတ်ကို ၅၄,၀၀၀ ကျပ်ထိ ရောက်ရှိ လာပြီး၊ တစ်အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ချော (EX) ကတော့ တစ်အိတ်ကို ၅၈,၀၀၀ ကျပ်စျေးဖြင့် တည်ငြိမ်နေပါတယ်။
ကုန်စည်ဒိုင်တွေမှာ ဈေးနှုန်းတည်ငြိမ်နေပေမယ့် ပြင်ပလက်လီ ဈေးကွက်အတွင်းမှာတော့ ဒေသအ လိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ ဆိုင်စရိတ်တွေကြောင့် ဈေးနှုန်းအနည်းငယ် ကွာခြားမှုတွေ ရှိနေနိုင် တယ်လို့ ဆန်ကုန်သည်တွေက ပြောဆိုထားပါတယ်။
အခုတစ်ပတ်အစ တနင်္လာနေ့ ဈေးကွက်ဖွင့်ချိန်မှာ ရွှေဘိုပေါ်ဆန်းလို ဆန်ချောတွေ ဈေးငြိမ်နေပေမယ့် ပြည်သူအများစု အခြေခံစားသုံးကြတဲ့ ဇီယာ၊ ဧည့်မထနဲ့ ငစိန်ဆန်ကြမ်းတွေ တစ်အိတ်ကို ၂,၀၀၀ ကျပ် ဝန်းကျင် စတင်ဈေးတက်လာတာ ဖြစ်ပါတယ်။
ယခုကာလဟာ မိုးစပါးစိုက်ပျိုးရာသီအစဖြစ်ပြီး ဆန်အဟောင်းလက်ကျန် လျော့နည်းလာချိန်ဖြစ် တာကြောင့် အခြေခံဆန်ကြမ်းဈေးကွက်ကို ဝယ်လိုအား ပိုမိုဦးတည်လာနိုင်ပြီး၊ ဆန်ဈေးနှုန်းတွေက ဆက်လက်လှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် တောင်သူတွေ၊ စားသုံးသူပြည်သူတွေအနေနဲ့ ဈေးကွက်အခြေ အနေကို ဆက်လက်စောင့်ကြည့်ကြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း (MRPTA) က အသိပေးထားပါတယ်။














