The Farmer Times၊ ဇွန်လ ၃ ရက်၊ ၂၀၂၆။
ဘားအံ-မြ၀တီ အာရှလမ်းမကြီး တလျောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်တွေအ တွင်းမှာ နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်သူတွေနဲ့ ခရီးသွားတွေဟာ ထို့ကော်ကိုး၊ ကြက်ဥတောင်နဲ့ ၁၀၁၈ လမ်းကြောင်းတွေကနေ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အခွန်ပေးပြီး ကုန် စည်တင် သွင်းမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် တင်သွင်းလာတဲ့ ကုန်စည်တွေကို တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ပြီး လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာသာမက ရန်ကုန်၊ မန္တလေးက ဂိုထောင်တွေနဲ့ လက်လီစျေးဆိုင်များအထိပါ စစ်ဆေးဖမ်းဆီး၊ ထောင်ချမှုတွေကို ယနေ့အချိန်ထိ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ တင်သွင်းလာသူ ကုန်သည်ကိုသာမက ယာဉ်မောင်းတွေနဲ့ ဂိတ်တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးအရေးယူတာတွေ ရှိလာတယ်လို့ ကုန်ကားမောင်းသူတွေက ဆိုပါတယ်။














