July 12, 2026

ပို့ကုန်ပဲများ အဝယ်လိုက်ပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာ၊ ကြက်သွန်နှင့် အာလူးဈေး တည်ငြိမ်နေ

The Farmer Times၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်ပုံမှန်ရှိနေတာကြောင့် စျေးအနည်းငယ် ပြန်မြင့်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေ ဖြစ်တဲ့ ကြက်သွန်၊ အာလူးနဲ့ ရေထွက်ကုန်တွေကတော့ နယ်စုံကနေ ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေ တာကြောင့် ဈေးအတက်အကျ သိပ်မရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဇွန်လ ၅ ရက်နေ့(သောကြာ) နေ့စျေးပိတ်ချိန် ဈေး ကွက်ပေါက်စျေးအရ မတ်ပဲ (FAQ/RC) (2026) က ဈေးကွက်အတွင်း အဝယ်ရှိနေတာကြောင့် တစ်တန်ကို ၃,၀၅၈,၀၀၀ ကျပ် ဈေးရှိပြီး ကွန်တိန်နာအလုံး ၅၅ လုံးအထိ အရောင်း အဝယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်ပဲ SQ/RC (2026 )က တစ်တန်ကို ၃,၃၅၁,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ ကွန်တိန်နာ ၂၅ လုံးခန့် အ ရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

ပဲတီစိမ်း RC (2026) က တစ်တန်ကို ၃,၁၂၁,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး၊ ပုံမှန်အဝယ်ရှိနေပါတယ်။
မတ်ပဲ RAW (2026) က လက်ငင်းပေါက်ဈေး တစ်ပိဿာကို ၄,၉၅၅ ကျပ်မှ ၄,၉၉၅ ကျပ်အတွင်း ပေါက်စျေးရှိနေပါတယ်။

ပဲစင်းငုံနီကတော့ ပဲပုဒ်မြစ်ဝကျွန်းပေါ် (ဆီတိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်မှ ၇,၈၃၅ ကျပ်ဝန်းကျင်၊ (အထွက်တိုး) ကတော့ တစ်ပိဿာကို ၇,၅၀၀ ကျပ်မှ ၇,၅၈၅ ကျပ် အသီးသီးပေါက်ဈေးရှိနေပါတယ်။

ကုလားပဲ၊ ပဲကြီး

ကုလားပဲဖြူလုံးကြီးက တစ်ပိဿာကို ၄,၁၂၀ ကျပ်မှ ၄,၂၁၀ ကျပ်၊ ကုလားပဲခြမ်း ၅,၃၀၀ ကျပ်မှ ၅,၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး၊ ပဲကြီး (ကုန်း) က တစ်ပိဿာကို ၉,၃၉၀ ကျပ်မှ ၉,၅၇၀ ကျပ်သို့ ဈေးအနည်း ငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ

မီးဖိုချောင်သုံး ကုန်စည်တွေက အခုရက်ပိုင်းမှာ စျေးကွက်ထဲကို နယ်စုံကနေ ကုန်ကားဝင်ရောက်မှု ပုံမှန် ရှိနေတာကြောင့် ဈေးနှုန်းတည်ငြိမ်နေတာ တွေ့ရပါတယ်။

ကြက်သွန်နီ(ဆိပ်ဖြူ-ရှယ်) တစ်ပိဿာကို ၃,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ ဆိပ်ဖြူ(လတ်ကြီး၊ လတ် လတ်၊ လတ်ချော) က အမျိုးအစားအလိုက် တစ်ပိဿာကို ၂,၀၀၀ ကျပ်မှ ၂,၉၅၀ ကျပ်အတွင်း အသီးသီး ပေါက်စျေးရှိနေပါပါတယ်။ ဇွန်လ ၅ ရက်နေ့(သောကြာနေ့) စျေးပိတ်ချိန်က ဈေးကွက်ထဲသို့ ကြက်သွန် ကုန်ကား အစီးရေ ၁၇ စီး၊ ကြက်သွန် ပိဿာချိန် ၁၀၂,၀၀၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ ဘုရင့်နောင်ကုန် စည်ဒိုင်က ပြောဆိုထားပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်) က တစ်ပိဿာကို ၁၉,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ အောင်ပန်း (ထူး-၂ မှ ထူး-၅) အထိ အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ ကျပ်မှ ၈,၅၀၀ ကျပ်အတွင်း ဈေးငြိမ်နေပါတယ် ဇွန်လ ၅ ရက်နေ့က စုစုပေါင်း အိတ် ၄၀၀၊ ပိဿာချိန် ၈,၀၀၀ ခန့် ဈေးကွက်ဝင်ခဲ့ပါတယ်။

အာလူး၊ ငရုပ်သီး

အာလူး(အောင်ပန်း A1) တစ်ပိဿာကို ၁,၇၀၀ ကျပ်၊ OK နှင့် S1 အုပ်စုက တစ်ပိဿာကို ၂,၄၀၀ ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းပြောင်းလဲမှု မရှိတည်ငြိမ်နေပြီး၊ စျေးကွက်ထဲကို ကုန်ကား ၁၁ စီး၊ ပိဿာ ချိန် ၆၆,၀၀၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။

ငရုတ်သီးခြောက်(မြစ်ဝကျွန်းပေါ်မိုးထောင်ဦး) တစ်ပိဿာကို ၁၂,၀၀၀ ကျပ်မှ ၁၂,၅၀၀ ကျပ်၊ ဆင်ဖြူ ကျွန်း (ပု) က တစ်ပိဿာကို ၃၂,၅၀၀ ကျပ်မှ ၃၃,၅၀၀ ကျပ်အတွင်း အမျိုးအစားအ လိုက် ပေါက်ဈေး အ သီးသီးရှိနေပြီး၊ ဈေးကွက်ထဲကို အိတ်ရေ ၅၀၀ ၊ ပိဿာချိန် ၁၀,၀၀၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။

ပုစွန်ခြောက်၊ ငါးခြောက်

ဖျာပုံရွှေသီးပုစွန်ခြောက် (ရှယ်) က တစ်ပိဿာကို ၂၇၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ်အထိ အမြင့်ဆုံး ဈေးတန်းမှာ ဆက်လက်တည်ငြိမ်နေပြီး၊ ဖျာပုံရွှေသီး (လတ်) ကတော့ တစ်ပိဿာကို ၈၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ငါးရံ့ခြောက်ကြီးက တစ်ပိဿာကို ၁၁၀,၀၀၀ ကျပ်၊ ငါးပုတ်ခြောက် (ရှယ်) တစ်ပိဿာက ၆၅,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်နှင့် ငါးနီတူခြောက် တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်ပုံမှန် အတိုင်း အရောင်းအဝယ် ရှိနေပါတယ်။ ငါးကျည်းခြောက်က ၉၅,၀၀၀ ကျပ် စျေးဖြင့် အရောင်းအဝယ် ရှိနေပါတယ်။

လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စျေးကွက်အခြေအနေအရ ပြည်ပတင်ပို့မှုရှိတဲ့ ပဲအမျိုးအစားဖြစ်တဲ့ (မတ်ပဲ၊ ပဲတီစိမ်း) တို့က နိုင်ငံတကာအဝယ်နဲ့ စျေးကွက်ဝယ်လိုအားပေါ် မူတည်ပြီး စျေးနှုန်း အနည်းငယ် မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။

ပြည်တွင်းစားသုံးမှုအခြေခံ မီးဖိုချောင်သုံးနဲ့ ရေထွက်ကုန်တွေကတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ လည်း ကုန်စည်ဝင်ရောက်မှု မှန်ကန်နေဦးမှာဖြစ်လို့ ဈေးနှုန်းတွေ သိသိသာသာ ပြောင်းလဲဖို့မရှိဘဲ ဆက် လက်တည်ငြိမ်နေဦးမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သုံးသပ်ထားပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.