July 12, 2026

သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး KNU ဆက်လက်ကြိုးပမ်းမယ်

The Farmer Times၊ ဇွန်လ ၆ ရက်၊ ၂၀၂၆

သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး KNU ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU မနေ့ကဇွန်လ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

KNU အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတတွေကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့၊ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လျော့နည်းစေရေးဖို့နဲ့ ဌာနေတိုင်းရင်း သား ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးဟာ လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှု၊ လူမှုအသိုက်အဝန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးစီးပွား အတွက် အရေးပါတဲ့ တာဝန်တစ်ရပ် ဖြစ်တယ်လို့လည်း KNU က ဆိုပါတယ်။

ယနေ့ကမ္ဘာကြီးဟာ ရာသီဥတုပြောင်းလဲမှု၊ သဘာဝသယံဇာတတွေ လျော့နည်းပျက်စီးလာမှုနဲ့ ပတ်ဝန်း ကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး အဲ့ဒီပြဿနာတွေဟာ ဌာနေတိုင်းရင်းသား လူမျိုးတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ဘဝနေထိုင်မှုအပေါ် တိုက်ရိုက်သက်ရောက်နေတယ်လို့လည်း KNU က ပြောပါတယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတုဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့ လူငယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒေသခံလူထုတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပူး ပေါင်းပါဝင်မှုစာ အထူးအရေးကြီးတယ်လို့လည်း ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.