ဖိလစ်ပိုင်တောင်ပိုင်းမှာ အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံ အများအပြား ပြိုကျ
The Farmer Times၊ ဇွန်လ ၈ ရက်၊ ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မင်ဒါနာအို (Mindanao) ကျွန်းမှာ ဇွန်လ ၈ ရက် (ဒီနေ့မနက်) ၇ နာရီကျော်မှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး၊ အဆောက်အအုံ အများအပြား ပြို ကျပျက်ဆီးခဲ့ပါတယ်။
လတ်တလောမှာ ဖိလစ်ပိုင် အစိုးရက ပြည်သူတွေကို ငလျင်နောက်ဆက်တွဲ အင်အားပြင်း ဆူနာမီရေ လှိုင်းများ ရိုက်ခတ်နိုင်ခြေရှိတာကြောင့် ပင်လယ်ကမ်းခြေ အနီးဝန်းကျင်မှာ နေထိုင်သူတွေ အနေနဲ့ ကုန်း မြင့်ပိုင်း ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူကလည်း ၁၂၉ ဦးအထိ မြင့်တက်လာတယ်လို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။
REF: AFP/ BBC
