တောင်ကိုရီးယားက ကြက်သွန်နီ တန်ချိန် ၁၀၀ ခန့် ထိုင်ဝမ်ကို ပထမဆုံးအကြိမ်တင်ပို့(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၇ ရက်၊ ၂၀၂၆
တောင်ကိုရီးယားနိုင်ငံမှာ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုတွေ သိသိသာသာ ညလာပြီး ပြည်တွင်းမှာ ကြက်သွန်နီတွေ ပိုလျှံနေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဈေးကွက်တွေဆီအထိပါ တိုးချဲ့ထိုးဖောက်သွားဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိမှာ ထိုင်ဝမ်နိုင်ငံကို ပထမဆုံးအသုတ်အနေနဲ့ ကြက်သွန်နီအသစ် တန်ချိန် ၁၀၀ ခန့်အား ဇွန်လ ၄ ရက်နေ့က စတင်တင်ပို့လိုက်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
REF: Ju Sangdon / Ministry of Agriculture, Food and Rural Affairs
