ဖိလစ်ပိုင်နိုင်ငံက စိုက်ပျိုးရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဂြိုဟ်တုကွန်ရက်သစ် အီလွန်မတ်ရဲ့ SpaceX နဲ့ ပူးပေါင်းလွှတ်တင်မည်(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။
ဖိလစ်ပိုင်နိုင်ငံက စိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်ဖို့၊ ရေကြောင်းစောင့်ကြည့်ဖို့နဲ့ သဘာဝဘေး အန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် “MULA” လို့ခေါ်တဲ့ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုကွန်ရက် တည်ဆောက်မယ့် အစီအစဉ်ကို သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အ တည်ပြု ပေးလိုက်ပြီ ဖြစ်တယ်လို့ ဖိလစ်ပိုင်အာကာသအေဂျင်စီ (PhilSA) က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ MULA ဂြိုဟ်တုကို ယူကေနိုင်ငံက စမ်းသပ်မှုတွေ ပြုလုပ်နေပြီး၊ ၂၀၂၇ ခုနှစ် ဧပြီလအစော ပိုင်းမှာ အမေရိကန် အာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ SpaceX ရဲ့ Transporter-20 မစ်ရှင်ဖြင့် လွှတ်တင် နိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဂြိုဟ်တုက ရရှိမယ့် အချက်အလက်တွေဟာ စိုက်ပျိုးမြေရဲ့ အခြေအနေ၊ လေထုနှင့် ရေထုအရည်အ သွေးများကို တိုင်းတာပေးနိုင်မယ့်အပြင်၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းကွက် (ငါးအများဆုံး ရှိနိုင်မယ့် နေ ရာ) တွေကိုပါ ရှာဖွေဖော်ထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
REF: Philippine Daily Inquirer
