July 12, 2026

ကုန်အဝင်များလို့ ပို့ကုန်ပဲများနှင့် မီးဖိုချောင်သုံးသီးနှံများအားလုံး အရောင်းအဝယ် တည်ငြိမ်နေ(ရုပ်/သံ)

The Farmer Times၊ ဇွန်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်ပုံမှန်ရှိနေတာကြောင့် စျေးအေးနေသလို၊ မီးဖို ချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက် သွန်၊ အာလူးနဲ့ ရေထွက်ကုန်တွေကလည်း နယ်စုံကနေ ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေး အတက်အကျ သိပ်မရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။

လတ်တလောမှာ ပို့ကုန်ပဲတွေ ဝယ်လိုအားရှိနေတဲ့အတွက် ဈေးနှုန်းခိုင်မာမှု ရှိနေပါတယ်။ မီးဖို ချောင်သုံး ကုန်စည်တွေကလည်း ကုန်အဝင်ပုံမှန်ရှိနေတာကြောင့် ဈေး နှုန်းတွေ သိသိသာသာ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်တည်ငြိမ်နေဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.