October 20, 2026

ဆီစက်လုပ်ငန်းရှင်များ ချေးငွေ သိန်း ၅,၀၀၀ ထိ လျောက်ထားရယူနိုင်(ရုပ်/သံ)

The Farmer Times၊ အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၆။

ပြည်တွင်းဆီစက်လုပ်ငန်းတွေ အနေနဲ့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအဖြစ် အများဆုံး ကျပ် သိန်း ၅,၀၀၀ ထိ လျှောက်ထားနိုင်တယ်လို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ က အသိပေးပြောဆိုလာပါတယ်။

ချေးငွေ ထုတ်ချေးပေးရာမှာ လုပ်ငန်းသုံးလှည့်ပတ်ငွေအဖြစ် အနည်းဆုံး ကျပ်သိန်း (၁ဝဝ) မှ အ များဆုံး ကျပ်သိန်း (၅,ဝဝဝ) အထိ သတ်မှတ်ထားပြီး၊ မတည်ရင်းနှီးငွေအနေနဲ့ ထုတ်ချေးရာမှာတော့ အနည်း ဆုံးကျပ်သိန်း (၂ဝဝ) မှ အများဆုံး ကျပ်သိန်း (၅,ဝဝဝ) အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ချေးငွေသက်တမ်းအနေနဲ့ လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအတွက် ထုတ်ချေးကာလ (၁) နှစ်၊ မတည်ရင်းနှီးငွေအတွက် (၃) နှစ် ဖြစ်ပါတယ်။ ချေးငွေပြန်ဆပ်ရာမှာ ဆိုင်းငံ့ကာလ (၁) နှစ်၊ ပြန်ဆပ်ကာလကို (၂) နှစ် သတ်မှတ်ထားပြီး၊ (၆) လတစ်ကြိမ် (၄) ရစ် ပေးသွင်းရမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.