November 10, 2026

၂၀၂၇ ခုနှစ်တွင် ဖိလစ်ပိုင်၏ ပဲပုပ်ဖတ် တင်သွင်းမှု ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဟု ခန့်မှန်း

The Farmer Times၊ နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၆။

ဖိလစ်ပိုင်နိုင်ငံရဲ့ ကြက်မွေးမြူရေးကဏ္ဍမှာ ပဲပုပ်ဖတ် ဝယ်လိုအား မြင့်တက်လာတာကြောင့် လာမယ့် ၂၀၂၇ ခုနှစ်အတွင်းမှာ ပဲပုပ်ဖတ် တင်သွင်းမှုပမာဏက ၁၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

USDA ရဲ့ အစီရင်ခံစာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ လာမယ့်နှစ် ပဲပုပ်ဖတ် တင်သွင်းမှုဟာ မက်ထရစ်တန် ၃ဒသမ ၈၅ သန်းအထိ ရောက်ရှိနိုင်ပြီး၊ ယင်းပမာဏမှာ ၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းထားတဲ့ တန်ချိန် ၃ဒသမ၅ သန်းထက် ပိုမိုမြင့်မားလာတာ ဖြစ်ပါတယ်။

ဝယ်လိုအား ပိုမိုမြင့်မားလာနိုင်တဲ့ အလားအလာတွေကြောင့် USDA က ဖိလစ်ပိုင်ရဲ့ တင်သွင်းမှု ခန့်မှန်း ချက်ကို မူလ မက်ထရစ်တန် ၃ဒသမ၆၅ သန်းမှ တန်ချိန် ၂၀၀,၀၀၀ ထိ ပိုမိုတိုးမြှင့် သတ်မှတ်ခဲ့တာ ဖြစ် ပါတယ်။

ဖိလစ်ပိုင် ကြက်မွေးမြူရေးကဏ္ဍမှာ ၆ ရာခိုင်နှုန်းနီးပါး ဆက်လက်တိုးတက်လာမယ်လို့ ခန့်မှန်းထားတဲ့ အတွက် ပဲပုပ်ဖတ် ဝယ်လိုအားကို ပိုမိုမြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက် နေ့က စတင်ခဲ့တဲ့ ကုန်သွယ်မှုနှစ်အတွက် ဖိလစ်ပိုင်ရဲ့ ပထမပတ်အရောင်းက နောက်ဆုံး ၅ နှစ်တာ ပျမ်း မျှထက် တန်ချိန် ၁၁၈,၀၀၀ ပိုမိုကျော်လွန်ခဲ့ပြီး၊ ဖိလစ်ပိုင်ဟာ အမေရိကန် ပဲပုပ်ဖတ်များအတွက် အကြီး မားဆုံး တင်ပို့ရာဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။

ဒါ့အပြင် ၂၀၂၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပဲပုပ်ဖတ် ပြည်ပတင်ပို့မှုမှာ မက်ထရစ်တန် ၂၀ဒသမ၆ သန်းအထိ အမြင့်ဆုံး စံချိန်တင်ရောက်ရှိမယ်လို့ USDA က ခန့်မှန်းထားပြီး၊ ပဲပုပ်သီးနှံ ထွက်ရှိမှုများပြား မှုနဲ့အတူ ကြိတ်ခွဲမှု မြင့်မားမှုတို့ကြောင့် ပဲပုပ်ဖတ် ထုတ်လုပ်မှုမှာလည်း ၅ ရာခိုင်နှုန်းအထိ တိုးတက်လာ မှာ ဖြစ်ပါတယ်။

ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ပဲပုပ်ဖတ် ဈေးနှုန်းတွေနဲ့ ကမ္ဘာ့ဝယ်လိုအား မြင့်မားမှုတို့ကြောင့် အမေရိကန်ရဲ့ ပြည်ပတင်ပို့မှုက ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ဆိုပါတယ်။

ပဲပုပ်ဖတ် (Soybean meal) ကို အဓိကအားဖြင့် ကြက်နဲ့ ငါးမွေးမြူရေး အစာများ ထုတ်လုပ်ရာမှာ အဓိက ပရိုတင်းဓာတ် အရင်းအမြစ်အဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။

REF: Philstar

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.