ကြက်သွန်နီ ပျိုးခင်းတွေ ရေနစ်မြုပ်ပျက်စီးပြီး မျိုးစေ့စျေး ထက်ဝက်ခန့် မြင့်တက်လာ
The Farmer Times၊ နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၆။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရွာသွန်းခဲ့တဲ့မိုးကြောင့် ရှမ်းပြည်နယ်တောင်းပိုင်း အပါအဝင် မြန်မာပြည်အ ထက်ပိုင်း အညာဒေသတို့မှာ ကြက် သွန်နီပျိုးခင်းတွေ ရေနစ်မြုပ်ပျက်စီးမှု ဖြစ်ပေါ်နေတဲ့အတွက် ကြက်သွန်မျိုးစေ့ စျေးနှုန်းတွေလည်း ကြိုက်ရောင်းကြိုက်ဝယ်စျေးကွက် ဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်ကစပြီး နိုဝင်ဘာ ၁၁ ရက်နေ့အထိ မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့အရှိန်ကြောင့် ပျိုး ထောင်ထားတဲ့ ကြက်သွန်ပျိုးခင်းအများစု ရေနစ်ပျက်စီးကုန်တာလို့ ဆိုပါတယ်။
ဒါကြောင့် ကြက်သွန်မျိုးစေ့ စျေးတွေကလည်း အရင်က တစ်ပြည်ကို ၅၀,၀၀၀ မှ ၆၀,၀၀၀ ကျပ် ဝန်း ကျင် ပေါက်စျေးရှိရာကနေ လက်ရှိမှာ တစ်ပြည်ကို ၁၀၀,၀၀၀ ကျပ်စျေးရှိ ရောက်ရှိလာပေမယ့်၊ ရောင်းချလိုသူ မရှိသလောက် ရှားပါးနေတယ်လို့ သိရပါတယ်။
” ကြက်သွန်ပျိုးခင်းတွေ အညာဒေသမှာ အတော်များများ ရေမြုပ်ပျက်စီးကုန်ပြီ၊ မျိုးစေ့ဈေးတွေက လည်း အရင်က တပြည် ၅၀,၀၀၀၊ ၆၀,၀၀၀ ပဲရှိတယ်။ အဲဒီစျေးဆိုတာက မျိုးစိတ်ချရမှ အာမခံ သေချာမှ အရောင်းအဝယ် ဖြစ်တဲ့စျေးပါ။ အခုကတော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ တစ်ပြည်ကို ၁ သိန်းပေးတောင် ရောင်းမယ့်သူ မရှိဖြစ်ကုန်ပြီ။ ပျက်စီးတဲ့ ပျိုးခင်းတွေက တချို့ အညှောင့်ထွက်ခါစ၊ တချို့က ရက်သား၊ တချို့က လသားစိုက်ခင်းတွေပါ ” လို့ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်က ကြက်သွန် စိုက်တောင်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ရေနစ်မြှုပ်သွားတဲ့ ကြက်သွန်ပျိုးခင်းတွေဟာ လာမယ့် ဒီဇင်ဘာလမှာ စတင်စိုက်ပျိုးမယ့် နွေ ကြက်သွန်ပျိုးခင်းတွေဖြစ်ပြီး၊ ပျိုးခင်းတွေရေနစ်ပြီး မျိုးစေ့စျေးတွေလည်း မြင့်တက်နေတဲ့အတွက် ပျိုးခင်းထပ်မံပြုလုပ်ဖို့အတွက်ပင် အခက်အခဲ ရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ကြက်သွန်စိုက်ခင်း တစ်ဧကအတွက် မျိုးစေ့ သုံးပြည် အသုံးပြုရပြီး၊ အလုပ်သမားခနဲ့ တခြားကုန်ကျ စရိတ်တွေ ရှိနေပေမယ့်၊ လက်ရှိမှာ ကြက်သွန်နီ စျေးကောင်းနေတဲ့အတွက် အခက်အခဲတွေကြားက အရဲစွန့်ပြီး ထပ်မံပျိုးထောင်ဖို့ စီစဥ်နေတဲ့ တောင်သူတွေ ရှိသလို၊ ရေနစ်မြှုပ်မှုမရှိတဲ့ ပျိုးထောင်ပြီးသား ပျိုးခင်းတွေကိုပဲ ဝယ်ယူစိုက်ပျိုးမယ့် တောင်သူတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။
” ပျိုးထောင်တာက ရာသီဥတု ပူလွန်းရင် အဆင်မပြေဘူး။ ပုံမှန်ဆို ဒီကာလ အကုန်ပျိုးထောင်ကြ တာပဲ။ ဒီနှစ်က ကြက်သွန်စျေးကောင်းတော့ တော်တော်များများကတော့ ပျိုးထပ်ထောင်ကြမယ်ထင် တယ်။ မိုးကြက်သွန်အခင်းတွေလည်း ရေနစ်နေတာရှိတယ်။” လို့ မြင်းခြံမြို့နယ်က ကြက်သွန်စိုက် တောင်သူတစ်ဦးကလည်း ပြောပါတယ်။
လက်ရှိ ပြည်တွင်းစျေးကွက်အတွင်းမှာ ကြက်သွန်နီစျေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင် လက်ကားဒိုင်အဖွင့်စျေးမှာပင် တစ်ပိဿာကို အမြင့်ဆုံးစျေး ၂၀,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်နေပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ကြက်သွန်စျေးများကို ညှိနှိုင်းဆောင်ရွက်ဖို့အတွက် နိုဝင်ဘာလ ၁၃ ရက်က မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်းဒိုင်ရှိ ကြက်သွန်ပွဲစား၊ ကုန်သည်တွေကို အစည်း အ ဝေးခေါ်ယူ ညှိနှိုင်းပြီးနောက်မှာ ကြက်သွန်နီ(မြင်းခြံ) တမျိုးတည်းသာ တစ်ပိ၁သာကို ၁,၀၀၀ ကျပ်ခန့် စျေးပြန်ချပြီး (စျေးကျဆင်း)၊ ကျန်အမျိုးအစားတွေကတော့ အမြင့်စျေးမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ နိုဝင်ဘာ ၁၄ ရက်က ကြက်သွန်နီ(မြင်းခြံ) တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ)က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်အတွင်း စျေး ဖွင့်ထားပြီး၊ ကြက်သွန်နီ (မုံရွာ) က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်အတွင်း အသီးသီး စျေးဖွင့် ထားတာကို တွေ့ရပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ နိုဝင်ဘာ ၁၃ ရက်က ကြက်သွန်နီ(မြင်းခြံ) တစ်ပိ၁သာကို ၁၄,၅၀၀ မှ ၂၀,၀၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ)က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်အတွင်း စျေးဖွင့် ထားပြီး၊ ကြက်သွန်နီ(တောင်သာ) က တစ်ပိ၁သာကို ၁၁,၀၀၀ မှ ၁၈,၀၀၀ ကျပ်၊ ကြက်သွန်နီ (မုံရွာ) က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်အတွင်း စျေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန် ကုန်ကားအစီးရေ ၁၆ စီး၊ ကြက် သွန် ပိဿာချိန် ၉၆,၀၀၀ ခန့် ဝင်ရောက်ခဲ့ပြီး၊ နိုဝင်ဘာ ၁၄ ရက်ကတော့ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည် ဒိုင်ကို ကြက်သွန် ကုန်ကားအစီးရေ ၁၇ စီး၊ ကြက်သွန် ပိဿာချိန် ၁၀၂,၀၀၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်၊ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်က ရန်ကုန်၊ ဘုရင့်နောင်လက်ကားစျေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို ၆၀၀ မှ ၁၀၀၀ ကျပ် အတွင်းသာပေါက်စျေးရှိခဲ့ပြီး၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ မကွေးတိုင်း၊ ပခုက္ကူ ဒေသတို့မှာ ကြက်သွန်နီ တစ်ပိဿာကို အနိမ့်ဆုံး စျေး ၂၀၀ ကျပ်မှ အမြင့်ဆုံး ၃၁၀ ကျပ်ဝန်းကျင်သာ ပေါက်စျေးရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို ကြက်သွန်ကို ပြည်ပဝယ်လိုအား ကောင်းနေချိန်မှာ ပြည်တွင်းမှာ လက်ကျန်နည်းလာတဲ့အ တွက် စျေးဆက်တိုက် မြင့်တက်လာတာဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကြက်သွန်စျေးဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးစျေးနူန်း ဖြစ်တယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေက ပြောဆိုကြပါတယ်။
